အမြို့မြို့အနယ်နယ်သတင်းများ

Feb 23,2023
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပြည်နယ်၏ စိုက်ပျိုးမွေးမြူရေးနှင့် MSME ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်မြင့်မားလာစေရေးအတွက် ခရိုင်အလိုက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ ဖေဖော်ဝါရီ ၂၂ ရက် မွန်းတည့် ၁၂ နာရီ တွင် ပူတာအိုမြို့သို့ ရောက်ရှိပြီး မြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သောရပ်ကွက်/ ကျေးရွာများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Feb 23,2023
မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံများသည် မိမိတို့စိုက်ကွင်းနေရာများတွင် နှစ်ရှည်ပင်များ စိုက်ပျိုးလုပ်ကိုင်ကြသည့်အပြင် စားဖိုချောင်သုံး ဟင်းသီး ဟင်းရွက်ပင်များကို စိုက်ပျိုးလုပ်ကိုင် ရောင်းချကြသည့်အတွက် မိသားစုအတွက် အပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။
Feb 23,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း  ကျေးလက်နေပြည်သူများ  လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက်
Feb 23,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးကြိုဝါသီးနှံ (၃၀၀)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Feb 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကျုံဒါတ်ကျေးရွာအုပ်စုအတွင်းရှိ စားကျက်မြေများကို အောက်မြန်မာနိုင်ငံမြေနှင့် အခွန်နည်းဥပဒေ (၆၈)နှင့်အညီ စိုက်ပျိုးမြေ အဖြစ်အသုံးပြုရန် စားကျက်မြေအဖြစ်မှ ပယ်ဖျက်ခွင့်ပြုခဲ့ပြီးဖြစ်၍ လက်ရှိစိုက်ပျိုး လုပ်ကိုင်လျက်ရှိသည့် တောင်သူများထံသို့ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)များ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၈) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Feb 23,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်က Mobile Phone ဖြင့် Video တည်းဖြတ်ခြင်းသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Feb 23,2023
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။