အမြို့မြို့အနယ်နယ်သတင်းများ

Feb 23,2023
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၌ ဆောင်းရာသီ ဆီထွက်သီးနှံမြေပဲများ စတင်ထွက်ရှိနေပြီးဖြစ်ရာ အထွက်နှုန်းလည်းကောင်းသဖြင့် မြေပဲစိုက်တောင်သူများ စျေးကောင်းရရှိရန် မျှော်လင့်လျက် ရှိကြောင်း သိရသည်။
Feb 23,2023
မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်မြို့တွင် သတင်းဗီဒီယို ရိုက်ကူးတည်းဖြတ်နည်းသင်တန်းကို ယနေ့နံနက်( ၁၀:၀၀) နာရီမှက  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည် ။
Feb 23,2023
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်း အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်း (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် ယမန်နေ့ နံနက်(၁၀)နာရီက သင်းတယားကျေးရွာ၊ ဇေယျာသိဒ္ဒိ ဘုန်းတော်ကြီးကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Feb 23,2023
ရခိုင်ပြည်နယ် ၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ  မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက်ယနေ့ နေ့လည် ၁နာရီအချိန် ကရသေ့တောင်မြို့ အရှေ့‌မြောက်ရပ်ကွက်ရှိ မေယုရတနာဘုန်းတော်ကြီးကျောင်းတွင် ယာယီနေရပ်စွန့်ခွာသူများ စခန်းတွင်မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်းအကြံပြုစစ်ဆေးခြင်းနှင့်ဆီမီးလောင်မှုအားမီးသတ်ဆေးဘူးဖြင့်လက်တွေ့ မီးငြိမ်းသတ်ပြသခြင်းအား မြို့နယ်မီးသတ​​ဦးစီးဌာနမှ၊ မြို့နယ်မီးသတ်​​ဦးစီးမှူးဦးလူမော်နှင့် တပ်ဖွဲ့ဝင်များအသိပညာပေး‌ ဟောပြောခြင်းများဆောင်ရွက်ခဲ့သည်။
Feb 23,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က မြို့နယ်အတွင်း လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မြို့နယ်အတွင်းဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ယနေ့နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်မှစ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း တွေ့ဆုံညှိနှိုင်း အစည်းအဝေးကိုပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 23,2023
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်အ‌တွင်းရှိ Grade – 5 အခြေခံပညာမူလတန်းအဆင့် ပြီးမြောက်မှုစစ်ဆေးခြင်းနှင့် Grade – 9 အလယ်တန်းအဆင့်စာမေးပွဲ ဖြေဆိုနေမှု အခြေအနေအား ယနေ့နံနက်ပိုင်းတွင် မြို့နယ်တာဝန်ရှိသူများ လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
Feb 23,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် စားသုံးသူရေးရာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဒိုင်းမွန်းတံခွန်ကုမ္ပဏီမှ လယ်ဝေးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ မီးဖိုချောင်သုံးစားသုံးဆီကို ဈေးနှုန်းသက်သာစွ
Feb 23,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကြိုတင်ကာကွယ်ရေးတို့အတွက် မြို့နယ်မီးသတ်ဦးစီးဌာန မှဦးစီးအရာရှိနှင့်ဝန်ထမ်းများက မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ၊ စားသောက်ဆိုင်များ၊ စက်သုံးဆီအရောင်းဆိုင်များ၊ ဟိုတယ်၊ မိုတယ်များ၊ ဌာနဆိုင်ရာများနှင့်လူနေအိမ်များသို့သွားရောက်၍ စစ်ဆေးခြင်းနှင့်အသိပညာပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင် ရွက်လျက်ရှိရာ ယမန်နေ့နံနက်က စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။