အမြို့မြို့အနယ်နယ်သတင်းများ

Feb 23,2023
သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ နွေရာသီကျောင်းပိတ်ရက် အတွင်း ကလေးငယ်များ အသိပညာဗဟုတတိုးပွါးပြီး ကာယ၊ ဉာဏဖွံ့ဖြိုးတိုးတက်စေရေးအတွက် မူလတန်းအဆင့်ပန်းချီအခြေခံသင်တန်းကို ​​ယနေ့နံနက် ၁၁ နာရီက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)ရှိ အနုပညာခန်း၌ ကျင်းပပြုလုပ်သည်။
Feb 23,2023
ကလေးသူငယ်အခွင့်အရေး ဥပဒေရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြည်နယ်လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
Feb 23,2023
ပုဇွန်တောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ပုဇွန်တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Feb 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၁)နာရီတွင် ခရမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗြဟ္မစိုရ်အစည်းဝေးခန်းမ၌ ကျင်းပသည်။
Feb 23,2023
စဉ်စားသုံးနေသည့် အစားအသောက်များအား ဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်ရေး၊ စားသုံးသူများ၏ လိုအပ်ချက်များနှင့် အခွင့်အရေးများ အပြည့်အဝ ရရှိစေရန်အတွက် အစားအ‌သောက်ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီမှ စတင်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ မြို့မဈေးနှင့် အာဟာရသုခဈေးများသို့ သွားရောက်၍ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
Feb 23,2023
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင်ရုံး (သန်လျင်) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ‌လူငယ်နှင့် အားကစားအသိပညာ‌ပေး Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
Feb 23,2023
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်နီလင်းအောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည်
Feb 23,2023
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘားအံတက္ကသိုလ်တွင် ဆရာ/ဆရာမ၊ ဝန်ထမ်းများ အဆင့်အတန်းမရွေး ချင်ခင်ရင်းနှီးစွာ မိသားစုစိတ် ဓာတ်ဖြင့် တစ်စိတ်တစ်ဝိုင်းတည်း ပေါင်းသင်းဆက်ဆံနိုင်ရေးနှင့် အပန်းဖြေစေနိုင်ရေးတို့ကို ရည်ရွယ်၍သီချင်းဆိုပြိုင်ပွဲနှင့် မိတ်ဆုံစားပွဲကို ယမန်နေ့ညနေပိုင်းက ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ/ဆရာမ ဝန်ထမ်းများ ပျော်ရွှင်စွာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။