Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ငဖဲမြို့နယ်ပြည်သူ့စာကြည့်တိုက်ခန်းမ၌ အမျိုးသမီးများ အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ
Feb 23,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ အမျိုးသမီးများ အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာမြို့ ပညာရေးဒီဂရီ ကောလိပ်တွင် ကျောင်းသား၊ ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်းကျင်းပ
Feb 23,2023
ကျောင်းသား၊ ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆွေးနွေးပွဲများတွင် အားတက်သရော ပါဝင်ဆွေးနွေးတတ်စေရန် ရည်ရွယ်၍ စစ်ကိုင်း တိုင်းဒေသကြီး မုံရွာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် မုံရွာမြို့ ပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်း ၍ လူငယ်စကားဝိုင်းကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ နံနက် ၁၀ နာရီက မုံရွာမြို့ ပညာရေးဒီဂရီကောလိပ် ပဉ္စဗလခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းအေးသာစံမြို့နယ် (Community Centre) ခန်းမတွင် ပုံတူပန်းချီဆွဲပြိုင်ပွဲနှင့် ဝင်္ကပါပြိုင်ပွဲကျင်းပ
Feb 23,2023
မန္တလေး၊ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပုံတူပန်းချီဆွဲပြိုင်ပွဲနှင့် ဝင်္ကပါပြိုင်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ ဒုတိယအင်ဂျင်နီယာမှူးကြီးနှင့်အဖွဲ့ ပွင့်ဖြူမြို့နယ်အတွင်း မြို့ပြဖွံ့ဖြိုးရေးနှင့် သန့်ရှင်းသာယာလှပရေးလုပ်ငန်…
Feb 23,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ မြို့ပြဖွံ့ဖြိုးရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်စပ်လျဉ်းပြီး သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့က မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယအင်ဂျင်နီယာမှူးကြီး ဒေါ်သင်းသင်းလှိုင်နှင့် တာဝန်ရှိသူများအဖွဲ့က လာရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Feb 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် အသက် ၁၈နှစ်အထက်များအား Myancopharn ကာကွယ်ဆေးများကို ပထမအကြိမ် ထိုးနှံပေးပြီး၊ အသက် ၅နှစ်မှ ၁၂နှစ်အထိ ကျောင်းပြင်ပ ကလေးများအား Pfizer ကာကွယ်ဆေးများကို ယနေ့နံနက် ၀၉:၀၀ နာရီက မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ခေမာသီလမ်း၊ ဝေပုလ္လအိမ်ယာအနီး မြို့နယ်ကျန်းမာရေးဦးစီးဌာနရုံးတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရာနှုန်းပြည့်ပြီးစီးရေး အရှိန်အဟုန် မြှင့်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်းမြို့နယ်တွင် မဲရုံတာဝန်ခွဲဝေချထားခြင်း လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကျင်းပ
Feb 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တွေ့ဆုံ၍ မဲရုံတာဝန်ခွဲဝေချထားရန် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီခန့်က မော်ဧရာခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
သပိတ်ကျင်းမြို့နယ်တွင် ဆန်၊ဆီ၊ကြက်ဥနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသော စျေးနှုန်းဖြင့် ဆက်လက်ရောင်းချပေး
Feb 23,2023
ဒေသတွင်းပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ စားသောက်ရေး အထောက်အကူပြုစေရန် ရည်ရွယ်၍ နယ်မြေခံတပ်မတော်သားများက မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့နံနက်(၇:ဝ၀) နာရီမှ (၉:၀၀)နာရီအချိန်အထိ ဆန်၊ဆီ၊ကြက်သား၊ကြက်ဥနှင့် အခြေခံ စားသောက်ကုန်ပစ္စည်းများကို (အဋ္ဌမ)အကြိမ်မြောက် သက်သာသော စျေးနှုန်းများဖြင့် လာရောက်ရောင်းချပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်ဒေသရုံး Community Centre ခန်းမတွင် တောမီးလောင်ကျွမ်းခြင်းနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု အသိပညာပေး Talk Sho…
Feb 23,2023
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် တောမီးလောင်ကျွမ်းခြင်းနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု အသိပညာပေး Talk Show ကို ယနေ့နံနက် (၁၁)နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
13322
Page
13323
Page
13324
Page
13325
Current page
13326
Page
13327
Page
13328
Page
13329
Page
13330
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department