အမြို့မြို့အနယ်နယ်သတင်းများ

Feb 25,2023
ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အပတ်စဉ် (စနေနေ့) စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ ဝန်ထမ်းအိမ်ရာများ၊ စာသင် ကျောင်းများနှင့် အများပြည်သူအသုံးပြုသည့် နေရာများ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
Feb 25,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူမှုစီးပွားရေး ဖွံဖြိုးတိုးတက်မှုအတွက်  တိရစ္ဆာန်များ နည်းစနစ်မှန်ကန်စွာ မွေးမြူရေး အသိပညာပေး ဟောပြောပွဲကို ယ​နေ့ နံနက်ပိုင်းက ဆွပ်ပန်းကျေးရွာရှိ ပန်းနုဝေစာကြည့်တိုက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 25,2023
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အားလပ်ရက်၌ ပျော်ရွှင်စေရန်နှင့် ဗဟုသုတရရှိစေရန်၊ စာဖတ်သည့် အလေ့အထများ ဖြစ်စေရန်၊ ဉာဏ်ပညာ တိုးတက်မြင့်မားစေရန်ရည်ရွယ်၍  ကဗျာရွတ်နှင့် ပုံပြင်ပြောခြင်းအစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ် ပြည်သူ့စာကြည့်တိုက်၊ က‌လေးစာဖတ်ခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Feb 25,2023
မြစ်ကြီးနားတက္ကသိုလ်၏ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အခြေခံဂျူဒို သင်တန်းဆင်းပွဲ၊ ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၃ နာရီက အဆိုပါကျောင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
Feb 25,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ် ၆ မင်းတဲရပ်ကွက်ရှိ ပါမောက္ခဒေါက်တာသန်းလွင်(အသည်းအထူးကုပါရဂူ) ဆောက်လုပ်လှူဒါန်းသော ဒေါ်ခင်ချစ်ဓမ္မာရုံရှိ အနန္တဂုဏ်ရည်ဆေးခန်း၌ ယနေ့နံနက်ပိုင်းက အထွေထွေရောဂါဖြစ်ပွားသော ရဟန်းရှင်/ လူ လူနာ (၁၅၀)ကျော်အား အခမဲ့ကုသပေးခဲ့သည်။
Feb 25,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့်ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေးခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အ.ထ.က (၁) မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Feb 25,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ရေဆင်းစိုက်ပျိုးရေးသုတေသနဝန်းအတွင်းရှိ တက္ကသိုလ်များဈေးတွင် ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
Feb 25,2023
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော် (အင်္ဂလီကန်)၊ သာသနာပိုင်ချုပ်၊ စစ်တွေသာသနာပိုင်နှင့် ဘုန်းတော်ကြီးများအား စစ်တွေမြို့၊ ရှင်မာကု ကသီဒြယ်ရားကျောင်း၌ တွေ့ဆုံသည်။ တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံခရစ်ယာန်အသင်းတော် (အင်္ဂလီကန်)၊ စစ်တွေသာသနာပိုင်နယ်၏ နယ်စီးသာသနာပိုင်ကြီး Dr. ဂျိမ်းစ်မင်းဒိန်က ဆုတောင်းကောင်းချီးပေးကာ အခမ်းအနားကိုဖွင့် လှစ်ကြသည်။