အမြို့မြို့အနယ်နယ်သတင်းများ

Feb 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် မြန်မာ့အလင်းသတင်းစာပါ ဘာသာရပ်အလိုက် လေ့လာရမည့် သင်ခန်းစာများ အား မြို့အဆင့်တာဝန်ရှိသူများက လိုက်လံပေးအပ်ခဲ့ကြောင်း သိရသည်။
Feb 27,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသည့် ကျောင်းသားကျောင်းသူများအား ကန့်ဘလူမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယမန်နေ့ကစတင်၍ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေးလျက် ရှိကြောင်းသိရသည်။
Feb 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဆီထွက် သီးနှံ(နေကြာ) ဆင်းရွှေကြာ-၂ စံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ ညနေပိုင်းက ဆားမလောက်ကျေးရွာ၊ တောင်သူ ဦးကျင်လှိုင်၏ ကွင်းအမှတ် (၃၈၂)၊ ဦးပိုင်အမှတ် (၁၅၄/၁)ရှိ စံကွက် စိုက်ခင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
Feb 27,2023
ကျောင်းသား၊ ကျောင်းသူများ အာဟာရဖွံဖြိုးလာစေရန်အတွက် ခေါက်ဆွဲခြောက်များ ပေးအပ်လှူဒါန်းခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ လက်ပံဂွကျေးရွာအုပ်စုရှိ ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူများကို အလှူရှင်များက. ယနေ့နံနက် ၁၀နာရီ မိနစ်၃၀ ကစတင်၍ ကျေးရွာများအရောက် လိုက်လံလှူဒါန်းကြကြောင်း သိရသည်။
Feb 27,2023
ရန်ကုန်တိုင်း​ဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယ​နေ့​နေ့လယ်ပိုင်းက China Foundation for poverty Alleviation နှင့် Tencent တို့ပူးပေါင်း၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် Yagon University of Foreign Language ရှိ ကျောင်းသားအယောက် (၁၀၀)အား ကျောင်းသားတစ်ဦးလျှင် ပညာသင်စရိတ်(၅)သိန်းကျပ်စီဖြင့် စုစုပေါင်းငွေကျပ် သိန်းပေါင်း(၅၀၀)ကျပ် ထောက်ပံ့လှူဒါန်းပေးအပ်ခြင်း အခမ်းအနားကို ယ​နေ့​ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်ရှိ Yagon University of Foreign Language တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
Feb 27,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် တွံတေးခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတွေ့ဆုံပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က တွံတေးမြို့ (ခ)အဆင့်အားကစားခန်းမ၌ တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 27,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီမံမှုဖြင့် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းကာ သထုံမြို့၊ သုဝဏ္ဏဈေး၌ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက  ပြုလုပ်ခဲ့ကြသည်။