အမြို့မြို့အနယ်နယ်သတင်းများ

Mar 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့နံနက် ၉  နာရီအချိန်က အမာမြို့၊ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Mar 03,2023
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ‌ရောဂါပိုး အိုမီခရွန်နှင့် ၎င်း၏မျိုးစိတ်အသစ်များကို  ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြောက်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 03,2023
ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့နယ်၌ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန် ၊ ရေရှည်တည့်တံ့သောစိုက်ပျိုးရေးလုပ်ငန်းကို အထောက်အကူဖြစ်စေရန် သဘာဝမပျက် သီးနှံစိုက်ပျိုးထုတ်လုပ်နည်းသင်တန်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိ မြို့မတောင်သူပညာပေးစခန်း၌ ဖွင့်လှစ်ကြောင်းသိရသည်။
Mar 03,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ကလေးငယ်များ ကျန်းမာသန်စွမ်းစေရေးအတွက် လစဥ် လဆန်းပိုင်းရက်များတွင် အသက် ၂ နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက မြို့နယ်မိခင် နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
Mar 03,2023
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ၂၀၂၃ခုနှစ် မတ်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် (၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရာမညအာကစားကွင်း ဖွင့်ပွဲ အခမ်းအနားကို မတ်လ ၃ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ရာမညအားကစားကွင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်ဇနီး၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များတက်ရောက်ခဲ့သည်။
Mar 03,2023
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ ရွှေဘုန်းပွင့်တောင်တော်၊ တိလောကာရုံပရိယတ္တိစာသင်တိုက်တွင် ၁၃၈၄ ခုနှစ် တပေါင်းလပြည့်နေ့  တနင်္ဂနွေနေ့တွင်ကျရောက်မည့် တိလောကာရုံကျောင်းတိုက်နာယကဆရာတော်ဘုရားကြီး၏ (၅၃)နှစ် ပြည့်မြောက် မွေးနေ့ချိန်ခါသာမယကို အကြောင်း ပြု၍  သာမယသဘာဗုဒ္ဓါဘိသေကမင်္ဂလာ ပဌာန်းပူဇော်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ကပြုလုပ်ခဲ့သည်။
Mar 03,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မင်းလှကျင်းကျေးရွာမှ ဒေသခံပြည်သူများသည် မန်းရွှေစက်တော်ဘုရားပွဲတော်သို့ လှည်းယာဉ်တန်းများဖြင့် ရှေးအစဉ်အလာ ရိုးရာမပျက် နှစ်စဉ်ဘုရားဖူးသွားရောက်လေ့ရှိရာ ယခုနှစ်တွင်လည်း လှည်းအစီးရေ(၂၀)ခန့်ဖြင့် မတ်လ ၂ ရက်၊ မွန်းလွဲ ၃ နာရီခွဲအချိန်က ဘုရားဖူးသွားရောက်ခဲ့ကြောင်း သိရသည်။