ပန်ဆောင် မတ် ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့၌ မတ်လ(၈) ရက်နေ့တွင် ကျင်းပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတွင် ကျောင်းသား/ကျောင်းသူများ စိတ်ချမ်းသာစွာ ဖြေဆိုလျက် ရှိကြောင်းသိရသည်။
အဆိုပါစာစစ်ဌာနတွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်း သား / ကျောင်းသူစုစုပေါင်း (၉၄) ဉီးရှိပြီး ဘေးကင်းလုံခြုံစွာနှင့် စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေး၊ ကျောင်းပတ်ဝန်းကျင် အပြင်စည်းလုံခြုံမှုရှိစေရေးတို့အတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များ၊ မြို့အုပ်ချုပ်ရေးမှူး ဉီးရိန်ဝါးနှင့် ရပ်မိရပ်ဖများ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များက လုံခြုံစွာ စောင့်ကြပ်ပေးလျက်ရှိကြောင်း သိရသည်။
ဂျာယော် (ပန်ဆောင်)