Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
တိုင်းဒေသကြီးအဆင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်း(BDMC)အမှတ်စဉ် (၁/၂၀၂၃)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Mar 13,2023
တိုင်းဒေသကြီးအဆင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်း(BDMC) အမှတ်စဉ် (၁/၂၀၂၃)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့မှ တာဝန်ရှိသူများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ခရမ်းမြို့တွင် အမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်
Mar 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ကျင်းပသော အခြေခံစက်ချုပ်သင်တန်းကို အမျိုးသမီးငယ်များအိမ်မှုကိစ္စအပြင် တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်းသင်တန်းများတက်ပြီး အခြေခံစက်ချုပ်စက်ရုံအလုပ်ရုံများတွင် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် အခြေခံမှတစ်ဆင့် အဆင့်မြင့်သင်တန်းများအတွက် အခြေခံရရှိရေး မိသားစုဝင်ငွေတိုးစေရန်ရည်ရွယ်၍ အခြေခံစက်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကဝမြို့နယ်တွင် ၂၀၂၃ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသည့် ကျောင်းသား/ ကျောင်းသူများအား အာဟာရဖြည့်အချိုရည်များဝေငှ
Mar 13,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၃ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဓာတုဗေဒဘာသာရပ် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူများအား ယနေ့စာမေးပွဲဖြေဆိုပြီးချိန်တွင် ကျောင်းရှေ့၌ အာဟာရဖြည့်အချိုရည်များ ဝေငှပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနိုင်းမြို့နယ် ကလေးစာဖတ်ခန်းတွင် ကျောင်းသား၊ ကျောင်းသူများအား ပုံပြင်ပြောပြခြင်း အစီအစဉ် ဆောင်ရွက်ပေး
Mar 13,2023
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူများ အားလပ်ရက်၌ ပျော်ရွှင်စေရန်နှင့် ဗဟုသုတရရှိစေရန်၊ စာဖတ်သည့် အလေ့အထများဖြစ်စေရန်၊ ဉာဏ်ပညာ တိုးတက်မြင့်မားစေရန် ရည်ရွယ်၍ ပုံပြင်ပြာခြင်းအစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက မြို့နယ် ပြည်သူ့စာကြည့်တိုက်၊ ကလေးစာဖတ်ခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့နယ်၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်
Mar 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ကျေးရွာများအရောက် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကိုကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်(၁၀) နာရီအချိန်က ငပုတောမြို့နယ် တမန်ချောင်းကျေးရွာအုပ်စု ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ(ဓာတုဗေဒ)ဘာသာရပ် ဖြေဆိုနေမှုအား ပါမောက္ခချုပ် (မော်လမြိုင်)၊ ပြည်နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှု…
Mar 13,2023
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွက် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ(ဓာတုဗေဒ)ဘာသာရပ်ကို အခြေခံပညာအထက်တန်းကျောင်း (ချောင်းဆုံ) စာစစ်ဌာနတွင် ယနေ့နံနက်က ကျောင်းသား/သူများ အေးချမ်းစွာဖြေဆိုနေမှုကို ပြည်နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းခြံကုန်းမြို့နယ် ကြက်ငှက်တုပ်ကွေးရောဂါအသိပညာပေး ကွင်းဆင်းဆောင်ရွက်
Mar 13,2023
ရန်ကုန်တိုင်းဒသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တောကျောင်းကျေးရွာအုပ်စု၊ ကမာကလွန်ကျေးရွာတွင် ယမန်နေ့က ကြက်မွေးမြူးရေးခြံများသို့ ကြက်ငှက်တုပ်ကွေးရောဂါ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အဝေးပြေးမော်တော်ယာဉ်လိုင်း (၁၆)လိုင်းမှ ယာဉ်များပြေးဆွဲနေ၍ နတ်မောက်မြို့နယ် ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့
Mar 13,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်မှ ခရီးသွားပြည်သူများသည် အဝေးပြေးမော်တော်ယာဉ်လိုင်း (၁၆) လိုင်းမှ မော်တော်ယာဉ်များ ပြေးဆွဲပေးလျက်ရှိသဖြင့် ခရီး သွားလာမှုအဆင်ပြေကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
12991
Page
12992
Page
12993
Page
12994
Current page
12995
Page
12996
Page
12997
Page
12998
Page
12999
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department