အမြို့မြို့အနယ်နယ်သတင်းများ

Mar 15,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ကို ယမန်နေ့ နေ့လယ် ၁ နာရီခွဲခန့်က ကျင်းပခဲ့ကြောင်းသိရသည်။
Mar 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်က လူထုအ‌ခြေပြုပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
Mar 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ ညနေ (၃)နာရီ၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ် စာစောင်နှင့် စာအုပ်ပြပွဲကို ကျင်းပခဲ့သည်။
Mar 15,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ အသေးစားစက်မှုလက်မှု လုပ်ငန်းဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၀ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 15,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ ရေခဲတောင်နှင့် အနီးပတ်ဝန်းကျင်တွင် ကျက်စားနေသည့် သားမင်း မျိုးစိတ်များ မျိုးသုဉ်းမှုမဖြစ်ပေါ်စေရေး အတွက် ဝိုင်းဝန်းထိန်းသိမ်းရန်လိုအပ်ကြောင်း သိရသည်။
Mar 15,2023
ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မတ်လ(၁၄) ရက်နေ့နံနက်ပိုင်းအချိန်က လောက်ကိုင်မြို့၊ ဒေသစီမံအုပ်ချုပ်ရေး အဖွဲ့၊ အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့သည်။
Mar 15,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အနာဂတ်လူငယ်များ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဓလေ့၏ ဂုဏ်ဒြပ် ဖြစ်သည့် ကြီးကျယ်မြင့်မြတ်မှုသည် သားစဉ်မြေးမြစ် ထိန်းသိမ်းစွမ်းဆောင်နိုင်စေရန် ရည်ရွယ်၍ လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲ အစီအစဉ်ကို မတ်လ ၁၅ ရက်နေ့ နံနက် (၁၀) နာရီအချိန်က လိပ်သိုမြို့ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။
Mar 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ဖောင်ရိုးချောင်းကျေးရွာအုပ်စု၊ ဘုရားလေးစု ကျေးရွာ၊ တောင်သူဦးအုန်းမြင့်၏ ကွင်းအမှတ်(၆A)၊ ဦးပိုင်အမှတ်(၆c/၈)ရှိ စိုက်ခင်းတွင် ကျိုက်လတ်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးသော ဆောင်းသီးနှံ နေကြာသီးသန့်(၉)ဧကမှ ဆင်းရွှေကြာ(၂) အမျိုးအစား ၂ ဧက (၆.၆)ပေပတ်လည် ဆောင်းသီးနှံ နေကြာစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ နံနက်(၁၀)နာရီခန့်က ပြုလုပ်ခဲ့သည်။