Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရွှေတောင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကျင်းပ
Mar 16,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အားကစားခန်းမတွင် ယမန်နေ့ ညနေ ၃နာရီအချိန်က အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့နယ်များအလိုက် အားကစားနှင့်ကာယပညာ သိပ္ပံသင်တန်းသားထွက်ပေါ်ရေးနှင့် နယ်မြေကွင်းဆင်း စစ်ဆေးခြင်းများဆောင်ရွက်
Mar 16,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်အတွင်း အားကစားနှင့်ကာယပညာ သိပ္ပံသင်တန်းသားများ ရရှိရေးအတွက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနသို့ ယမန်နေ့ နံနက် ၁၁ နာရီခွဲခန့်က အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးနှင့် တာဝန်ရှိသူများမှ လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိန္တလီမြို့၌ ကဗျာရွတ်၊ ပုံပြင်ပြောပြိုင်ပွဲနှင့် စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲ ကျင်းပ
Mar 16,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ကဗျာရွတ်၊ ပုံပြင်ပြောနှင့် စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲကို ယနေ့နေ့မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အမာမြို့၌ စာအုပ်ပြပွဲ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်ပြပွဲကျင်းပ ပြုလုပ်
Mar 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ နေ့လယ်(၁)နာရီ၌ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ်အကြောင်း အသိပညာပေးနံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အ.ထ.က-တနင်္သာရီစာစစ်ဌာနရှိ ကျောင်းသူ/သားများအား ရေသန့်ဗူး၊ အအေးဗူးနှင့်မုန့်များ အာဟာရအဖြစ်ပေးဝေနေမှုကို အမှတ်(၂) စစ်နယ်မြေမှူးကအားပေးကြည့်ရှု
Mar 16,2023
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၊ (အ.ထ.က-တနင်္သာရီ) စာစစ်ဌာနအတွင်း ၂၀၂၂-၂၃ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ (ဆဋ္ဌမ)နေ့မြောက်၊ (ဇီဝ/ဘောဂ)ဗေဒဘာသာရပ်ကို စိတ်အေးချမ်းသာစွာဖြေဆိုပြီး၍ ပြန်လည် ထွက်ခွာသည့် အတွဲ-၁၊ အတွဲ-၂ နှင့် အတွဲ-၇ ဘာသာတွဲများမှ ကျောင်းသား/သူ (၁၇၃)ဦးနှင့် ကြီးကြပ်ရေးမှူး ဆရာ/မများ စုစုပေါင်း(၂၀၀)ဦးခန့်တို့အား မွန်းတည့် ၁၂ နာရီအချိန်က မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး မင်းအောင်နှင့်တပ်ဖွဲ့ဝင်များ တနင်္သာရီမြို့နယ် (စရတ) (ကရခ)တပ်စု-၃ တပ်စုမှူး ဗိုလ်ကြီး မင်းဆဦးနှင့်တပ်ဖွဲ့ဝင်များက ရေသန့်ဗူး၊ အအေးဗူးနှင့်ကိတ်မုန့်များ၊ စုစုပေါင်းကာလတန်ဘိုး (၂၈၅၀၀၀) ကျပ်ခန့်ကို အာဟာရအဖြစ် ပေးဝေခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ရုပ်ပုံပြပုံပြောခြင်း ဆောင်ရွက…
Mar 16,2023
နွေရာသီကျောင်းပိတ်ရက်၌ ကလေး/သူငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတက်စေရန်နှင့် ဉာဏ်ရည်/ဉာဏ်သွေး ထက်မြက်လာစေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ရုပ်ပုံပြပုံပြောခြင်းကို ယနေ့မွန်းလွဲ ၁နာရီအချိန်က သရက်ချောင်းမြို့၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်မြို့တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကျင်းပ
Mar 16,2023
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန၊ ယမန်နေ့ နံနက်(၁၀)နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနရုံးသို့ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဥ်ဖြင့် စာအုပ်များ ငှားရမ်းပေး
Mar 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့်ဝန်ထမ်းများ စာပေမှရရှိသည့် ဗဟုသုတများစွာရရှိစေရန်နှင့် စာပေကို လက်ဝယ်အရောက် ဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဥ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အင်းစိန်မြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းပေးသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
12940
Page
12941
Page
12942
Page
12943
Current page
12944
Page
12945
Page
12946
Page
12947
Page
12948
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department