မော်လမြိုင် မတ် ၁၅
မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းဖြစ်သည့် အေရိုးဗစ်သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်မြင့်မြတ်သီတာနှင့် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချိုချိုအောင်တို့က သင်တန်းကိုပြီးဆုံးအောင်တက်ရောက်ကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ သင်တန်းတက်ရောက်ပြီးသူများအနေဖြင့် သင်တန်းသင်ကြားပေးသည်များကို ဆက်လက်လုပ်ဆောင်လျှင် ကျန်းမာရေးအတွက်များစွာအကျိုးရှိပါကြောင်း ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသောတာဝန်ရှိသူများက သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်ပေးအပ်၍ အမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အဆိုပါသင်တန်းကို သင်တန်းသူ(၂၀)ဦးဖြင့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ မတ်လ ၁၅ ရက်နေ့အထိ လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)