Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိုးသက်လေပြင်း ကျရောက်မှုကြောင့်၊ သစ်ပင်ကြီးများ လဲကျပိတ်ဆို့မှု၊ ပူးပေါင်းရှင်းလင်းခြင်းများ ဆောင်ရွက်
Mar 16,2023
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် မတ် ၁၅ ရက် ညကမိုးသက်လေပြင်း ကျရောက်ခဲ့မှုကြောင့်အမှတ်(၁၀) ရပ်ကွက်ရှိအများပြည်သူသွား လာအသုံးပြုလျက်ရှိသော ရွှေဘို-ကျောက်မြောင်း လမ်းမကြီးဘေးတွင် လုံးပတ်(၂.၅)ပေ၊ အရှည်(၃၀)ပေခန့်ရှိ ထနောင်းပင်ကြီး လဲကျပိတ်ဆို့မှုဖြစ်ပွားနေမှုကို သတင်းရရှိသဖြင့် ယနေ့နံနက်(၁၀)နာရီချိန်က၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မြတ်တိုးဦးဆောင်သောတပ်ဖွဲ့၀င် ၁+၉ ဦး၊ တပ်မတော်ထောက်ပံ့ရေးနှင့်ပို့ ဆောင်ရေးတပ်မှတပ်မတော်သား(၃၀)ဦးတို့နှင့် အတူပူးပေါင်း၍ လမ်းပိတ်ဆို့မှုမဖြစ်စေရေး ရှင်းလင်းခြင်းများ ဆောင်ရွက်ပေးခြင်း၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဌာနမှ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ဓာတ်အားပြည့်၀စွာသုံးစွဲနိုင်ရေး ဓာတ်အားလိုင်းကြိုးပေါ်ကျရောက်နေသော သစ်ကိုင်းများဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။ မိုးသက်လေပြင်း ကျရောက်ခဲ့မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်
Mar 16,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမား ပပျောက်ရေ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ သတ္တမနေ့ ပထဝီဘာသာရပ်အားဖြေဆိုသူ (၁၁၈) ဦး ဝင်ရောက်ဖြေဆို
Mar 16,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက်၉ နာရီအချိန်က မြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခု တို့တွင် အေးချမ်းစွာဖြေဆိုလျက်ရှိရာ ဖြေဆိုသူပေါင်း (၁၁၈)ဦးရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာဒုံမြို့နယ်မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဝန်းအတွင်းရှိ ဝန်ထမ်းများနှင့် မိသားစုဝင်များအား ကျန်းမာရေးစောင့်ရှောက်မှုများ ကွ…
Mar 16,2023
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ဌာနမှူးများဖြစ်သည့် ဒေါက်တာရွှေဘော်၊ ဒေါက်တာမြင့်မြတ်နှင့်အဖွဲ့များက ယနေ့ နံနက်(၁၀) နာရီအချိန်၌
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ်တွင် ဒေသဖွံဖြိုးရေး စီမံကိန်းရေးဆွဲရေး လုပ်ငန်းများ လုပ်ကိုင်ရန် ဌာနဆိုင်ရာများနှင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်
Mar 16,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပတ္တမြားအစည်းအဝေး ခန်းမဆောင်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲရေး လုပ်ငန်းများ လုပ်ကိုင်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဦးမြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 16,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ၂၀၂၃ ခုနှစ် မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အောင်တပ်ရပ်ကွက် ၊ အ.ထ.က-၂ ကျောင်း၌ ယနေ့နေ့လယ် ၁၂ နာရီအချိန်က အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ Community centre ခန်းမတွင် စာအုပ်၊ စာစောင်ပြပွဲကျင်းပ
Mar 16,2023
ရန်ကုန်တိုင်ဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာအုပ် စာစောင်ပြပွဲကို ယနေ့မွန်းလွဲ၁နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပျဉ်းမနားမြို့နယ်အတွင်းရှိ ပြည်သူများ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေး
Mar 16,2023
ပြည်သူများအနေဖြင့် နေ့စဉ်စားသုံးနေသည့် အစားအသောက်များအား ဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်ရေး၊ စားသုံးသူများ၏လိုအပ်ချက်များနှင့် အခွင့်အရေးများအပြည့်အဝ ရရှိစေရန်အတွက် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီမှ စတင်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ ယုဇနဈေးသို့ သွားရောက်၍ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
12934
Page
12935
Page
12936
Page
12937
Current page
12938
Page
12939
Page
12940
Page
12941
Page
12942
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department