အမြို့မြို့အနယ်နယ်သတင်းများ

Mar 16,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ကျေးရွာများသို့ မြို့နယ်အဆင့်ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီဥက္က ဦးဇင်မောင်မောင်နှင့် အဖွဲ့ဝင်များသည် မတ်လ ၁၅ ရက် နံနက်(၁၁)နာရီမှ ညနေ(၃)နာရီအထိ မြေပြင်ကွင်းဆင်းကြီးကြပ်ခဲ့ကြောင်း သိရသည်။
Mar 16,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲအား  မတ်လ(၈) ရက်နေ့မှစတင်၍ ဖြေဆိုလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 16,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား အခြေခံပညာအထက်တန်းကျောင်း(ကံမ) စာစစ်ဌာန၌ ယနေ့နံနက် ၉ နာရီက  ပထဝီဝင် ဘာသာရပ်အား ဆက်လက်ဖြေဆိုရာ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော် ဆောင်များ၊  မိဘဆရာ အသင်းဝင်များ၊ လုံခြုံရေးတပ်ဖွဲ့များနှင့် တာဝန်ရှိသူများက ကြီးကြပ်စောင့်ရှောက်ပေးလျက်ရှိသည်။
Mar 16,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံတိုင်းရင်းသားများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုသာ အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအဖြစ် အားထားလုပ်ကိုင်လျက်ရှိရာ ယခုအခါ လယ်မြေအတွင်း မိုးစပါးရိတ်သိမ်းပြီးချိန်၌ စိုက်ပျိုးသော ကြက်သွန်ဖြူများ စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း သိရသည်။
Mar 16,2023
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
Mar 16,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့က အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Mar 16,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ၂၄ နာရီ HelpLine ဝန်ဆောင်မှု ဆိုင်းဘုတ်စိုက်ထူ ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က လားရှိုး−မူဆယ်အဝေးပြေးလမ်းမကြီးဘေး ကျောင်းဆိုင်ဘုန်းတော် ကြီး ကျောင်းရှေ့၌ ဆောင်ရွက်ခဲ့သည်။
Mar 16,2023
စစ်ကိုင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မြင့်ဟန် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့၊ မွန်းလွဲပိုင်းက စစ်ကိုင်းမြို့အမှတ်(၃၃) ခြေမြန်တပ်မဌာနချုပ်သို့ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲနှင့် မီးငြိမ်းသတ်နည်း လက်တွေ့သရုပ်ပြသပေးခဲ့ကြောင်း သိရသည်။