အမြို့မြို့အနယ်နယ်သတင်းများ

Mar 17,2023
နေပြည်တော်ကောင်စီ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီနှင့် နေပြည်တော် ဖွံ့ဖြိုးရေးဘဏ်တို့၏ ဝန်ထမ်းမိသားစုများမှ စုပေါင်းလှူဒါန်းသော ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီက လယ်ဝေးမြို့၊ မြို့ဦးတိုက်သစ်သံလမ်း ပရိယတ္တိစာသင်တိုက်၌ ကျင်းပသည်။
Mar 17,2023
မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေလှေကား စာပေ၊ ဂီတ အထွေထွေဗဟုသုတပြန့်ပွားရေးကွန်ယက်တို့ ပူးပေါင်းကာ လူငယ်များဗလငါးတန်ပြည့်စုံစေရေး စာဖတ်ရှိန် မြှင့်တင်စေရေးနှင့် စာပေ၊ ဂီတ၊ အထွေထွေ ဗဟုသုတများ တိုးတက်ရရှိစေရေး ရည်ရွယ်၍ အထွေထွေဗဟုသုတဆိုင်ရာ ဟောပြော ဆွေးနွေးပွဲများ ကို ယနေ့ နံနက် ၁၀ နာရီက စတင်ကျင်းပခဲ့ကြောင်း သိရသည်။
Mar 17,2023
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ မော်တော်ယာဉ်ဖောင်းကြွ နံပါတ်ပြားအသစ်များ အမြန်ပြောင်းလဲတပ်ဆင်ခြင်းကို ယနေ့နံနက်ပိုင်းက ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
Mar 17,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း လူထုအခြေပြုငှက်ဖျား‌ရောဂါကာကွယ်ရေးစီမံကိန်း (Township Coordination and Advocacy Meeting ကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊
Mar 17,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၌ ယနေ့ မွန်းလွဲပိုင်းက  ဖြန့်ဝေပေးခဲ့ကြသည်။
Mar 17,2023
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် တိုင်းရင်းဆေးကုဌာန၊ တိုင်းရင်းဆေးခန်းမှူးမှ မာန်အောင်မြို့ ချမ်းမြေ့သစ္စာ ဓမ္မဘိုးဘွားရိပ်သာရှိ ဘိုးဘွား(၁၄)ဦးအား ယနေ့ညနေ၃နာရီက တိုင်းရင်းဆေးဖြင့် ကျန်းမားရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်ခဲ့သည်။
Mar 17,2023
မန္တေလးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၌ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ယနေ့နံနက်က အ.ထ.က(၁) စာစစ်ဌာနတွင် စာမေးပွဲဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ လုံခြုံရေးတာဝန်ယူနေ ကြသော နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာရုံးများနှင့် ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။