အမြို့မြို့အနယ်နယ်သတင်းများ

Jun 25,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ အခြေခံပညာကျောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှင့်လူငယ်‌ရေးရာ အသိပညာပေးဟောပြောပွဲကို၊ ဟုမ္မလင်းမြို့နယ်၊ အ.လ.က-ခေါင်ခမ်း၊ ကျောင်းခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Jun 25,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၈ နာရီခွဲက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ကျင်းပသည်။
Jun 25,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲစင်းငုံ ၂၉၅၅ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Jun 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) အသိပညာပေးဟော‌ပြောပွဲအား ယမန်နေ့နံနက်က အမှတ်(၃)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း (မြို့သစ်)တွင် ပြုလုပ်ခဲ့သည်။
Jun 25,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက အမှတ်(၃)ရပ်ကွက် မြို့မဝိသုဒ္ဒိဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ခဲ့ရာ အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွန်းနှင့် ရပ်မိရပ်ဖများ၊ ရာစုမှူးများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြသည်။
Jun 25,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် COVID-19 ရောဂါကာကွယ်ဆေး Pfizer COMIRNATY JN.1 ကာကွယ်ဆေးကို ယနေ့နံနက်ပိုင်းက ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jun 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြည်သူများအနေဖြင့် မိုးရာသီသို့ရောက်ရှိလာပြီဖြစ်၍ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ ရေလမ်းခရီးဖြင့်သွားလာနေကြသော မိဘပြည်သူများအနေဖြင့် Life Jacket စနစ်တကျ ဝတ်ဆင်အသုံးပြုတတ်စေရန်အတွက် ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ပန်းတနော်မြို့၊ အလယ်ပိုင်းရပ်ကွက်ရှိ River View အနီးကမ်းနားဆိပ်၌ အသိပညာပေး ဆောင်ရွက်ခဲ့သည်။
Jun 25,2025
ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မ‌ကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့်အသက် (၅၀) နှစ်အထက် နာတာရှည်ရောဂါခံစားနေရသည့် ပြည်သူများအား ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေး (Pfizer JN.1) ထိုးနှံပေးခြင်းကို ဇွန်လ ၁၇ ရက်နေ့မှစတင်၍ ချောက်မြို့နယ် ပြည်သူ့ဆေးရုံနှင့် ဌာနဆိုင်ရာရုံးတို့တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။