Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
စေတုတ္တရာမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်စာအုပ်ပြပွဲကျင်းပ
Jun 25,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့နံနက် (၉) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လယ်ဝေးမြို့နယ်ရုံး၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များက မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာဖတ်ဝိုင…
Jun 25,2025
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယမန်နေ့မွန်းလွဲပိုင်းက စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တလုံးကြီးမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် လက်ကမ်းစာစောင်…
Jun 25,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲနှင့် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ပြပွဲ၊ ပြိုင်ပွဲများပြုလုပ်…
Jun 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့နံနက် (၁၀း၀၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်မြို့နယ် ကန်သာယာကျေးရွာတွင် အခြေခံစက်ချုပ်နည်းသင်တန်း ဖွင့်လှစ်
Jun 25,2025
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် အင်္ဂမော်ကျေးရွာအုပ်စု ကန်သာယာရွာ၌ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်း (ခေတ်မီစံပြကျေးရွာဖော်ဆောင်၍ ကျေးလက်နေပြည်သူများ ဝင်ငွေတိုး ရရှိရေး ဆောင်ရွက်မည့်လုပ်ငန်း)ဖြင့် အခြေခံစက်ချုပ်နည်းသင်တန်းကို ဇွန်၂၄ရက်က မြိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကန်သာယာဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်သည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ်အတွင်းရှိ ရဟန်းသံဃာ၊ နိုင်ငံ့ဝန်ထမ်း၊ ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer ဆေးများ ဆက်လက်ထိုးနှံ…
Jun 25,2025
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ ရဟန်းသံဃာ၊ နိုင်ငံဝန်ထမ်း ကျောင်းသား ကျောင်းသူများနှင့်ပြည်သူများအား ကိုဗစ်ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေး ရောဂါဖြစ်ပွားမှုကင်းစင်စေရန် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ဇွန်လ ၂၃ ရက်နေ့မှစတင်၍ စဥ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ ယနေ့ဇွန်လ(၂၅)ရက် နံနက်(၈)နာရီအချိန်တွင် စလင်းမြို့၊ စျေးမရပ်ကွက်အတွင်းရှိ ကျန်းမာရေးဦးစီးဌာန(၃)ထပ်ဆောင်၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ ကြံသီးနှံလျာထားဧကပြည့်မီအောင် စိုက်ပျိုးပြီးစီးပြီဖြစ်
Jun 25,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ ကြံသီးနှံစိုက်ပျိုးခြင်းကို လျာထားဧကပြည့်မီအောင် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူမြို့ အင်ကြင်းဥယျာဥ်၌ စုပေါင်းအမှိုက်ကောက်ခြင်းလုပ်ငန်းများဆောင်ရွက်
Jun 25,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ အင်ကြင်းဥယျာဥ်သည်အများ ပြည်သူများ လာရောက်အပန်းဖြေအနားယူရန်နှင့် ကလေးငယ်များ ဆော့ကစားရာနေရာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိရာ လာရောက်သူများ စိတ်အေးချမ်းသာစွာ အနားယူအပန်ဖြေနိုင်ရန်နှင့် သန့်ရှင်းသာယာရေးတို့အတွက် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းအမှိုက်ကောက်ခြင်းကို ဇွန် ၂၂ ရက်နံနက် ၇ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1239
Page
1240
Page
1241
Page
1242
Current page
1243
Page
1244
Page
1245
Page
1246
Page
1247
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department