နမ့်စန်(တ) ဇွန် ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက အမှတ်(၃)ရပ်ကွက် မြို့မဝိသုဒ္ဒိဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ခဲ့ရာ အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွန်းနှင့် ရပ်မိရပ်ဖများ၊ ရာစုမှူးများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များကများက ပြည်သူ့စစ်မှုထမ်းဥပဒေ ရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းချက်များ၊ မြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဖွဲ့စည်းထားရှိမှု၊ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာလုပ်ထုံး လုပ်နည်းများ၊ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ လျော့ပေါ့ခွင့်၊ ကင်းလွတ်ခွင့်နှင့် ရွှေ့ဆိုင်းခွင့်ရရှိသူများနှင့် ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ စသည်တို့ကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများက သိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)