ပန်းတနော် ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြည်သူများအနေဖြင့် မိုးရာသီသို့ရောက်ရှိလာပြီဖြစ်၍ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ ရေလမ်းခရီးဖြင့်သွားလာနေကြသော မိဘပြည်သူများအနေဖြင့် Life Jacket စနစ်တကျ ဝတ်ဆင်အသုံးပြုတတ်စေရန်အတွက် ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ပန်းတနော်မြို့၊ အလယ်ပိုင်းရပ်ကွက်ရှိ River View အနီးကမ်းနားဆိပ်၌ အသိပညာပေး ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမီးသတ် ဦးစီးမှူးဦးမောင်မောင်ဦး ၏လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးဇေဇေအောင် ဦးဆောင်၍ တပ်ဖွဲ့ဝင် (၄+၈)ဦးတို့သည် ပန်းတနော်မြို့၊ အလယ်ပိုင်းရပ်ကွက်ရှိ River View အနီးကမ်းနားဆိပ်၌ ပန်းတနော်မြစ်အတွင်း သွားလာပြေးဆွဲနေသော ရေယာဥ်များအား ခရီးသွားပြည်သူများနှင့် တာဝန်ရှိသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ရေလမ်းခရီးသွား ပြည်သူများအား အသက်ကယ်ဝတ်စုံ (Lifejacket)များ ဝတ်ဆင်ပုံ နှင့် အသက်ကယ်ဘောကွင်းများ ပါရှိမှုရှိ/မရှိအား လိုက်လံစစ်ဆေး အသိပညာပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)