ကော့သောင်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပနိုင်ရေး အစည်းအဝေးကျင်းပ
Mar 25,2026
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် မတ်လ (၂၉) ရက်နေ့မှ ဧပြီလ (၄) ရက်နေ့ထိ ကျင်းပပြုလုပ်မည့် ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပနိုင်ရေး အစည်းအဝေးကို မတ် ၂၄ ရက်နေ့ မွန်းလွဲပိုင်းက ကော့သောင်းမြို့၊ ပြည်တော်အေးသာသနာ့ဗိမာန်တော်တွင် ကျင်းပရာ အခမ်းအနားသို့ ဩဝါဒစရိယဆရာတော်ကြီးများ၊ မြို့နယ်သံဃနာက ဆရာတော်များ၊ အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပရေးအမှုဆောင်ဆရာတော်များ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပရေးကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။