ဒေါပုံမြို့နယ်တွင် မြို့နယ်အဆင့် ကူးစက်ရောဂါဖြစ်ပွားမှု အရှိန်အဟုန်မြှင့်စောင့်ကြပ်ကြည့်ရှုရေး အသိပညာပေးဆွေးနွေးပွဲနှင့် ပရဟိတအဖွဲများ၊ ဆေးဝါးအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကျင်းပ

ဒေါပုံ မတ် ၂၅

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြိုနယ်တွင် မြိုနယ်အဆင့် ကူးစက်ရောဂါဖြစ်ပွားမှု အရှိန်အဟုန်မြှင့်စောင့်ကြပ်ကြည့်ရှုရေး အသိပညာပေးဆွေးနွေးပွဲနှင့် ပရဟိတအဖွဲများ၊ ဆေးဝါးအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကို မတ် ၂၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဦးစွာ ဒေါပုံမြိုနယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့၀င် ဗိုလ်မှူး စိုးမိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြိုနယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမျိုးခိုင်က ကူးစက်ရောဂါဖြစ်ပွားမှု အရှိန်အဟုန်မြှင့်စောင့်ကြပ်ကြည့်ရှုရေး အသိပညာပေးဆွေးနွေးရာတွင် သွေးလွန်တုပ်ကွေး‌ကြိုတင်ကာကွယ်‌ရေး၊ လတ်တလောပျော့ခွေရောဂါနှင့်အဖျားနှင့် အနီကွက်ထွက်ခြင်း စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်သူများအတွက် ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ကူညီကြိုးပမ်းဆောင်ရွက်ပေးနေသော လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့များနှင့် သက်ကြီးရွယ်အိုများအတွက် လိုအပ်သောဆေးဝါးများကို ကူညီလှူဒါန်းပေးသော ဆေးဝါးလုပ်ငန်းရှင်များအား တာဝန်ရှိသူများက ဂုဏ်ပြုလွှာများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် ဒေါပုံမြို့နယ် လူမှုကူညီကယ်ဆယ်ရေးအသင်းဥက္ကဋ္ဌ ဦးပြည့်ဖြိုးဇော်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

စိုးစန္ဒာညိမ်း (ပြန်/ဆက်)