သတင်းများ

မိုင်းငေါ့မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်
Oct 10,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အောက်တိုဘာ ၈ရက်နေ့ နံနက် (၁၀)အချိန်က အဆိုပါကျောင်းခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
တောင်တွင်းကြီးတပ်နယ်မှူး ဗိုလ်မှူးချုပ်ထွန်းထွန်းနိုင် ရေဘေးသင့်ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတက်ရောက်
Oct 10,2023
မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်း  စက်တင်ဘာလ ၂၉ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်း၍ တောင်ကျရေများ စီးဆင်းလာပြီး စက်စက်ယိုချောင်းမှ ချောင်းရေလျှံမှုကြောင့်  မြို့ပေါ်ရပ်ကွက်များတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး ဖြစ်ပွားခဲ့သည့် ရေဘေသင့်ပြည်သူများအား အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ တောင်တွင်းကြီးတပ်နယ်မှူး ဗိုလ်မှူးချုပ်ထွန်းထွန်းနိုင်၊ အမှတ်(၇)စစ်အခြေခံလေ့ကျင့်ရေးတပ်မှ တပ်မှူး ဗိုလ်မှူးကြီးကျော်သန်းဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရေဘေးသင့်ပြည်သူများ တက်ရောက်သည်။
ထီးချိုင့်မြို့တွင် လူငယ်ရေးရာ အသိပညာ‌ပေး ဟောပြောပွဲ၊ နံရံကပ်စာ‌စောင်နှင့် စာအုပ်စာ‌စောင်ပြပွဲများကျင်းပ
Oct 10,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ‌ခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်းခွဲတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ
Oct 10,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ ၌ စာရေးဆရာမ ခင်စောတင့်၏ "စွန့်စားမှုဆီသို့ ‌‌ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နေ့လည်(၁း၃၀)အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ် အမှတ်(၃) အခြေခံပညာမှုလတန်း​ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်နှင့် စာအုပ်ပြပွဲပြုလုပ်
Oct 10,2023
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် အမှတ်(၃) အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှု့လာစေရန်၊ စာပေဖတ်ရှု့ခြင့်ဖြင် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ် (၃) အခြေခံပညာမှုလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။
မိုးနှမ်းထွက်ရှိချိန် ဈေးကောင်းရရှိသဖြင့် နှမ်းစိုက်တောင်သူများ အဆင်ပြေ
Oct 10,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်မှ နှမ်းစိုက်တောင်သူများသည် မိုးနှမ်းများ ပေါ်သည့်အချိန်တွင် ဈေးကောင်းရရှိ၍ တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ပုသိမ်မြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာများအရောက် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Oct 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်းရှိ ပြည်သူများစားဝတ်နေရေး သက်သာချောင်ချိစေရေးအတွက် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကိုးဆူစံပြကျေးရွာတွင် ရောင်းချပေးခဲ့သည်။