သတင်းများ

ကွန်ဟိန်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Oct 10,2023
ကျောင်းသား/ကျောင်းသူများ ကျောင်းပညာရေးတွင်သာမက ဘက်စုံထူးချွန်သော ကျောင်းသား လူငယ်များ ဖြစ်ပေါ်လာစေနှင့် ဗလငါးတန်နှင့် ပြည့်စုံစေရန် အတွက်ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့နယ် အခြေခံပညာမူလတန်းလွန်ကျောင်း(သိန်းဖျံ)၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအား ယမန်နေ့ နံနက်(၁၀:၀၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျွန်းလှ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကျင်းပ
Oct 10,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်၊ မူလတန်းလွန် ကျောင်း၌ ကျင်းပကြောင်း သိရသည်။
ဝေါမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေမြင့်တက်လာမှုကြောင့် မြို့ပေါ်ရပ်ကွက်များ ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်
Oct 10,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့ပေါ်ရပ်ကွက်များတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်လျက်ရှိကာ ယမန်နေ့နက်နက်ပိုင်းမှစတင်၍ မြို့ပေါ်ရပ်ကွက် ဓမ္မာရုံ၊ ဘုန်းတော်ကြီးကျောင်း ရေဘေးရှောင်စခန်းများသို့ ခေတ္တပြောင်းရွှေ့ထားရှိကြောင်း သိရသည်။
ပင်းတယမြို့နယ်၌ ပဲစင်းငုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Oct 10,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ စိုက်ပျိုးထားသည့် ပဲစင်းငုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
မုံရွာမြို့၌ အခမ်းအနားမှူးသင်တန်း (၂/၂၀၂၃) ဖွင့်ပွဲကျင်းပ
Oct 10,2023
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီနှင့် တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဌာနများအလိုက် ကျင်းပပြုလုပ်မည့် အခမ်းအနားများတွင် အဆင်ပြေချောမွေ့စွာ ဆောင်ရွက် နိုင်စေရန်နှင့် တိုင်းဒေသကြီးအဆင့်နှင့် လျော်ညီစွာအောင် အောင်မြင်မြင်ဆောင်ရွက်နိုင်စေရန် တို့အတွက် ရည်ရွယ်ပြီး အခမ်းအနားမှူး သင်တန်း (၂/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အောက်တိုဘာ (၁၀)ရက်နေ့မှ (၂၁)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ်၌ ဆန်တစ်ပြည်လျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေး
Oct 10,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် ဆန်တစ်ပြည်လျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် စားသုံးသူများ လက်ဝယ်အရောက် ယမန်နေ့ နံနက်ပိုင်းတွင် ရောင်းချပေးလျက်ရှိသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပွင့်ဖြူမြို့နယ် လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်
Oct 10,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့၊ အမှတ်(၄၆)စက်မှုလယ်ယာစခန်းက မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လုပ်သားရှားပါးမှုအခက်အခဲများ ပြေလျော့သက်သာစေမည့် လယ်ယာသုံးစက်ကိရိယာများ တွင်ကျယ်စွာ ကိုင်တွယ်အသုံးပြုတတ်စေရန် ရည်ရွယ်ဖွင့်လှစ်သည့် လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်ဖွင့်လှစ်အမှာစကား ပြောကြားသည်။