သတင်းများ

ညောင်တုန်းမြို့နယ်၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲကျင်းပ
Apr 18,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်အုပ်‌ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက အမှတ် (၃) ရပ်ကွက်၊ မဟာသင်္ကြန်ဗဟိုမဏ္ဍာပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
မိုးကောင်းမြို့၌ ဖြူစင်မေတ္တာသွေးကမ္ဘာ နှုတ်ဆက်ပွဲနှင့် ဒေဝပရဟိတဖောင်ဒေးရှင်း ဖွင့်ပွဲကျင်းပ
Apr 18,2026
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ ဖြူစင်မေတ္တာသွေးကမ္ဘာ အသင်းသူ/သား နှုတ်ဆက်ပွဲနှင့် ဒေဝပရဟိတဖောင်ဒေးရှင်းဖွင့်ပွဲကို ဒေဝကျောင်းတိုက်၌ ဧပြီ(၁၈)ရက် နံနက်(၉)နာရီတွင် ကျင်းပသည်။
ဖားကန့်မြို့နယ်တွင် ဖားကန့်အချုပ်‌ထောင်နှင့် ဒွန်ဘန်စခန်းတို့မှ အကျဉ်းသား သုံးဦးလွတ်ငြိမ်းခွင့် ရရှိ
Apr 18,2026
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်တွင် ဖားကန့်အချုပ်‌ထောင်နှင့် ဒွန်ဘန်စခန်းတို့မှ ဧပြီလ (၁၇) ရက် နံနက်ပိုင်းက လွတ်ငြိမ်းခွင့်ဖြင့် ဖားကန့်အချုပ်ထောင်မှအကျဉ်းသား (၁) ဦးနှင့် ဒွန်ဘန်စခန်းမှ အကျဉ်းသား (၂) ဦး အကျဉ်းသားစုစုပေါင်း (၃) ဦး လွတ်‌ငြိမ်းခွင့်ရရှိကြောင်း သိရသည်။
ချီဖွေငယ်ရေအားလျှပ်စစ်စက်ရုံ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဧပြီ ၁၈ ရက်နေ့ကစတင်ပြီး ဆောင်ရွက်သွားမည်ဖြစ်ရာ ရက်သတ္တနှစ်ပတ်ခန့် လျှပ်စစ်မီးပြတ်တောက်မည်
Apr 18,2026
ကချင်ပြည်နယ်အတွင်း ချီဖွေငယ်ရေအားလျှပ်စစ်စက်ရုံ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဧပြီ ၁၈ ရက်နေ့ကစတင်ပြီး ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါလုပ်ငန်းများ လုပ်ဆောင်ချိန်တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မည်ဖြစ်သဖြင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်ချိန်ကာလအတွင်း မြစ်ကြီးနားမြို့ပေါ်ရှိ ပြည်သူများအခက်အခဲဖြစ်ပေါ်မှု လျော့နည်းစေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ည ၈ နာရီအချိန်က မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ငါးလွှတ်ပွဲ ကျင်းပ
Apr 18,2026
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၌ ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီတွင် ကျင်းပသည်။
ထားဝယ်မြို့တွင် ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်း (၁) ရက် အန္တရာယ်ကင်း ပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကျင်းပ
Apr 18,2026
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်း (၁) ရက် အန္တရာယ်ကင်း ပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီအချိန်က ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။
မူဆယ်မြို့တွင် ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့
Apr 18,2026
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်း (၁) ရက်နေ့၌ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာနှင့်အညီ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားများအား ဂါရဝပြုပူဇော်ကန်တော့ခြင်း အခမ်းအနားကို ယနေ့တွင် ရွှေလီမြစ်ကမ်းရှိ ဟိုဆောင်ချောင်းသာ ကမ်းခြေနှင့် လွယ်တိန်ခမ်း ဘိုးဘွားရိပ်သာတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၌ (၃၈) ဖြာမင်္ဂလာနှင့် အခြေခံယဥ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်
Apr 18,2026
(၃၈) ဖြာ မင်္ဂလာတရားတော်မြတ်များကို လိုက်နာကျင့်သုံးနိုင်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် ထန်းတပင်မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) တို့ပူးပေါင်းဖွင့်လှစ်သည့် (၃၈) ဖြာမင်္ဂလာနှင့် အခြေခံယဥ်ကျေးလိမ္မာသင်တန်းကို ဧပြီလ (၁၈) ရက်နေ့ နံနက်ပိုင်းက ဆားကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ခဲ့ကြသည်။