သတင်းများ

ပခုက္ကူတက္ကသိုလ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပျိုးပင်ပေးအပ်ပွဲနှင့် အသိပညာပေး ဟောပြောပွဲကျင်းပ
Jun 05,2025
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပျိုးပင်ပေးအပ်ပွဲနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုခရိုင်အတွင်း ရေဘေးသင့်ပြည်သူများအား ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မိသားစုများမှ လှူဒါန်းသည့် ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများပေးအပ်
Jun 05,2025
မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း မေလကုန်ပိုင်းမှစတင်၍ မိုသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် နောင်မွန်မြို့နယ်၊ ခေါင်လန်ဖူးမြို့နယ်နှင့် မြစ်ကြီးနားမြို့တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ရေဘေးသင့်ပြည်သူများအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မိသားစုများက ပေးပို့ထောက်ပံ့သည့်  စားသောက်ဖွယ်ရာများ ကို ယမန်နေ့မွန်းလွဲပိုင်းက တပ်မတော်လေယာဉ်ဖြင့် မြစ်ကြီးနားမြို့ နယ်မြေခံလေတပ်စခန်း ဌာနချုပ်၌ ရောက်ရှိခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်စစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ရာဇာထွန်းတို့က ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
မအူပင်မြို့၌ ၂၀၂၅ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနကကြီးမှူး၍ သဘာဝပတ်ဝန်းကျင်စိမ်းလန်း စိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတစေရေး၊ အပူဒဏ်ကာကွယ်နိုင်ရေးနှင့် သစ်တော၊ သစ်ပင်တန်ဖိုး များအား အလေးထားသိရှိနိုင်စေရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအား ယနေ့နံနက်  ၈ နာရီက  ညောင်ဝိုင်းကျေးရွာရှိ မအူပင်စက်မှုဇုန်ဝန်းအတွင်း ကျင်းပခဲ့ကြကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်တွင် အခြေခံပညာကျောင်းများဖွင့်လှစ်၍ ကျောင်းသား/ကျောင်းသူများ  အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား
Jun 05,2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ရာ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
မအူပင်မြို့၌ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချ
Jun 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသို့ အခြေခံစားသောက်ကုန်များအား ယနေ့နံနက် ၇ နာရီက အမှတ်(၃) ရပ်ကွက်၊ ကမ်းသာယာဈေးအနီးရှိ နယ်မြေမီးသတ်စခန်းရှေ့တွင် သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 05,2025
ရန်ကုန်တိုင်းဒေသကြီး၊သင်္ဃန်းကျွန်းခရိုင်၊တောင်ဥက္ကလာပမြို့နယ်ရှိ အ‌‌ခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ခြင်းကို ဇွန်လ ၂ ရက်နေ့နံနက် ၉ နာရီအချိန်မှစ၍ မြို့နယ်အတွင်းရှိ စာသင်ကျောင်းအသီးသီး၌ ဖွင့်လှစ်ကြောင်းသိရသည်။
လေးမျက်နှာမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကို လေးမျက်နှာမြို့နယ် ရှမ်းရွာအုပ်စု၊  လေးမျက်နှာ-ငါးသိုင်းချောင်းကားလမ်းဘေး မိုင်တိုင်(၆/၄)မှ မိုင်တိုင်(၆/၆)အထိ သစ်ပင် သစ်တောများ စိမ်းလန်းစိုပြေရေး၊ သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့် ကာကွယ် ထိန်းသိမ်းနိုင်ရန်၊ သစ်ပင်သစ်တောများမှ ရာသီဥတုအပူဒဏ်ကိုကာကွယ်ပေးနိုင်သည့်တန်ဖိုးကို နားလည်ချစ်မြတ်နိုးတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နာဂ​ဒေသ၊ နန်းယွန်းမြို့၌ လိုင်စင်မဲ့မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များမရှိစေရေး စစ်ဆေးဆောင်ရွက်
Jun 05,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနန်းယွန်းမြို့နယ်၊ လိုင်စင်မဲ့မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ မရှိစေရေးအတွက် စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်၁၀ နာရီအချိန်က နန်းယွန်း၊ ပန်ဆောင်နှင့် ရှင်ဗွေယန်လမ်းဆုံတွင် ပညာပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။