သတင်းများ

ဒေးဒရဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဖော်မလင်၏ဆိုးကျိုးအန္တရာယ်များအကြောင်း အသိပညာပေးဟောပြော
Jun 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြည်သူများကျန်းမာရေးဗဟုသုတများ ပိုမိုတိုးပွားရရှိစေရန် ရည်ရွယ်၍ ဖော်မလင်၏ ဆိုကျိုးအန္တရာယ်များ၊ ကာကွယ်ရေးနည်းလမ်းများ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များ ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေနေအား ကြည့်ရှုစစ်ဆေး
Jun 05,2025
မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာအနောက်ရပ်ကွက်၊ အထက်ကမ်းနာလမ်း၊ ၂၆ ×၂၇ လမ်းကြားရှိ ကရဝိတ်ရေပေါ်ဟိုတယ်အနီး မြစ်ကမ်းနားအနီး ရေဝင်ရောက်မှုရှိနိုင်သည့် နေများအတွင်း ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေနေအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များ ကြည့်ရှုစစ်ဆေးခဲ့သည်။
ကသာမြို့ အခြေခံပညာကျောင်းများတွင် ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုအား သွားရောက်အားပေး
Jun 05,2025
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၊ ကသာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်နေ့မှစတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယနေ့နံနက် (၉) နာရီခွဲအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အ‌ထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောနေသာနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူတို့က အမှတ် (၁)၊ အမှတ်(၃)၊ အမှတ်(၂)နှင့် အ.ထ.က (ခွဲ) လ(၁)အခြေခံ ပညာအထက်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ကသာမြို့တွင် “ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေး” အကြောင်းသိကောင်းစရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Jun 05,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၅ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့၌ ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် “ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေးစုပေါင်းအားဖြင့် ဆောင်ရွက်ပေး” အကြောင်းသိကောင်းစရာ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းကို ပြည်သူအများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက်ရည်ရွယ်၍ ယနေ့နံနက် (၉)နာရီအချိန်က ဧရာဝတီမြစ်ကမ်းတစ်လျှောက် မော်တော်ဆိပ်များတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရေဦးမြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲစတင်ဖြေဆို
Jun 05,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင် ၊‌ ရေဦးမြို့တွင် အစိုးရပါဠိ ပထမပြန်စာမေးပွဲကို ဇွန်လ(၄) ရက် နေ့လယ် ၁၂နာရီက ရေဦးမြို့ မဟာဓမ္မာရုံကျောင်းတိုက်၌ စတင်ဖြေဆိုလျက်ရှိကြောင်းသိရသည်။
ရွှေဘိုမြို့ အ.ထ.က ၃ ၌ အသိပညာ​ပေးဟောပြောပွဲကျင်းပ
Jun 05,2025
စစ်ကိုင်းတိုင်း​ဒေသကြီး​ရွှေဘိုမြို့ အမှတ် (၃) အ​ခြေခံပညာအထက်တန်း​ကျောင်းခန်းမ၌ ခရိုင်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိနိးသိမ်း​ရေးဦးစီးဌာနတို့ပူး​ပေါင်းကာ အသိပညာ​ပေးဟောပြောပွဲကိုယ​နေ့နံနက်ပိုင်းက ကျင်းပခဲ့​ကြောင်းသိရသည်။
ကလေးမြို့တွင် ၂၀၂၅ ခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကျင်းပ
Jun 05,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိရစာမေးပွဲနှင့် ပါဠိ ပထမပြန် စာမေးပွဲများပြန်လည်ဖြေဆို
Jun 05,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ မန္တလေးငလျင်ကြီးကြောင့် ရပ်နားထားသော အစိုးရဓမ္မာစရိရစာမေးပွဲနှင့်ပါဠိပထမ ပြန်စာမေးပွဲများကို အမှတ်(၄၂)ရပ်ကွက် မဟာဂန္ဓာရုံကျောင်းတိုက်ရှိ သာသနာ့ဗိမာန်တော်တွင် ဇွန်လ ၂ ရက်နေ့ နေ့လယ် ၁၂ နာရီတွင် အေးချမ်းစွာပြန်လည် ဖြေဆို‌တော်မူလျက်ရှိကြောင်း သိရသည်။