Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော အဆောက်အဦများ ပြန်လည်ပြုပြင်နေမှုနှင့် သောက်သုံးရေရရှိရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Jun 06,2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့ညနေပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော ဇမ္ဗူသီရိမြို့နယ်၊ သဇင်(၄) အဆောင်(၅)၊ သဇင်(၂) အဆောင်(၃)နှင့် တိုက်အမှတ် (၃၃၁၁၂)သို့သွားရောက်ပြီး ပြန်လည်ပြုပြင်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်များအမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ တစ်ခန်းပြီးတစ်ခန်း အခန်းပြတ်စနစ်ဖြင့် ပြန်လည်ပြုပြင်နိုင်ရေး၊ ရေရှည်ခိုင်ခန့်မှုရှိအောင် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး၊ လုပ်သားအင်အားတိုးမြှင့်ဆောင်ရွက်ရေးနှင့် သောက်သုံးရေများ ပြည့်စုံစွာရရှိရေးတို့ကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှ စာအုပ်စာစောင်နှင့် ပရိဘောဂပစ္စည်းများ ထပ်ဆင့်ပေးအပ်ပွဲကျင်းပ
Jun 06,2025
ရန်ကုန်တိုင်းဒေကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှ ထပ်ဆင့်၍ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှ လှူဒါန်းသော စာအုပ်/စာစောင်များ၊ စာအုပ်တင်သံစင်နှင့် ပလတ်စတစ်ထိုင်ခုံပရိဘောဂပစ္စည်းများအား ထပ်ဆင့်ပေးအပ်ပွဲကို ဇွန် ၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ပျဉ်းမနားမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု
Jun 06,2025
နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးရဲမိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်းအုပ်စု၊ တပ်ပိုးကျေးရွာရှိ ဦးသိန်းဆိုင် နို့စားနွားမွေးမြူရေးခြံသို့ ရောက်ရှိကြရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ နို့စားနွားများ မွေးမြူထားရှိမှု၊ နွားသားပေါက်များ မွေးမြူထားရှိမှုနှင့် နေ့စဉ်နို့ထုတ်လုပ်ရရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကိုကိုးကျွန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကျောင်းများ စတင်ဖွင့်လှစ်
Jun 06,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ လာရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Jun 06,2025
မန္တလေးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာများ တက်ရောက်ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး (၇၅) နှစ်ပြည့် စိန်ရတုအထိမ်းအမှတ်ဖိုရမ်သို့ တက်ရောက်
Jun 06,2025
မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးမှ ကြီးမှူးကျင်းပသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး(၇၅)နှစ်ပြည့် စိန်ရတုအထိမ်းအမှတ်ဖိုရမ် "ချစ်ကြည်ရေးတိုးမြှင့်စေ အေးအတူပူအမျှ လက်တွဲ၍ အနာဂတ်တည်ဆောက်" အခမ်းအနားကို ဇွန်လ(၅)ရက်နေ့ နံနက်ပိုင်းက အမရပူရမြို့နယ်ရှိ တရုတ်-မြန်မာရေနံဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းရုံးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လယ်ဝေးမြို့နယ်အတွင်း မွေးမြူရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်
Jun 06,2025
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ကျင်းပသည့် လယ်ဝေးမြို့နယ်အတွင်း ယင်လုံအိမ်သာ ရာနှုန်းပြည့် ဆောက်လုပ်သုံးစွဲရေးအတွက် အသိပညာပေးခြင်းနှင့် အိမ်သာခွက်များပေးအပ်ပွဲသို့ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်း-ချောက်ကားလမ်းမှ တံခါးမ-ရွာပု ကျေးရွာအဝင်လမ်း ကျောက်ချောခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
Jun 06,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျောက်ပန်းတောင်း-ချောက် ကားလမ်းမှ တံခါးမ-ရွာပု ကျေးရွာ အဝင်လမ်း ကျောက်ချောခင်းခြင်းလုပ်ငန်း စတင်ဆောင်ရွက်နေမှုကို ယမန်နေ့ မွန်းလွဲ(၂:၃၀)နာရီက ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
760
Page
761
Page
762
Page
763
Current page
764
Page
765
Page
766
Page
767
Page
768
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department