နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ကွင်းဆင်းစစ်ဆေး
Jun 01,2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့၊ မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်ရှေ့မှ ပန်းခင်းလမ်း တစ်လျှောက်ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပြည်သူများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုပြီး ရေစီးရေလာကောင်းမွန်စေရေး၊ ကားလမ်းနှင့်ရထားလမ်းဘေးရှိ ခြုံ၊နွယ်များအား ရှင်းလင်းဆောင်ရွက်ရေး၊ လမ်းဘေးဝဲယာတစ်လျှောက် ပန်းအလှပင်များအား လိုအပ်သည့်နေရာများတွင် ဖြည့်စွက်စိုက်ပျိုးထားရှိရေး၊ လမ်းနှင့် ပလက်ဖောင်းကြားရှိ ရေမြောင်းများရှင်းလင်းရေးနှင့် သဲမြေများ လမ်းမပေါ်မရှိစေရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။