သတင်းများ

မိုးညှင်း၌ မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 23,2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် (၉)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံမှုများ ဆက်လက်လက်ခံ‌ဆောင်ရွက်
May 23,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၌  ယနေ့နံနက်(၉)နာရီအချိန်မှစတင်၍ ကျောင်းအပ်နှံမှုများကို ဆက်လက်လက်ခံ‌ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် မီးဘေးလုံခြုံရေးအတွက် အသိပညာပေးစစ်ဆေးဆောင်ရွက်
May 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် မီးဘေးလုံခြုံရေးအတွက် အသိပညာပေးစစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ကန်ကြီးထောင့်မြို့နယ် အခြေခံပညာနှင့် စက်မှု၊စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီး‌ထောင့်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကန်ကြီး‌ထောင့်မြို့နယ်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်းရှိ အမျိုးသားခန်းမ၌ ကျင်းပခဲ့ကြသည်။
ကျွန်းလှမြို့နယ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံရေးဆောင်ရွက်လျက်ရှိ
May 23,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တစ်နိုင်ငံလုံး၌ တစ်ပါးတည်းသာ ပိဋကတ်တစ်ပုံအောင်သည့် ဘိုကလေးမြို့နယ်မှ အရှင်သူမြတ်အား ဂုဏ်ပြုပူဇော်ပွဲကျင်းပ
May 23,2025
နိုင်ငံတော်အစိုးရမှ ကြီးမှူးကျင်းပသည့် ၁၃၈၆ ခုနှစ် (၇၇)ကြိမ်မြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲကြီးတွင် ဝိနယပိဋက ဝိနည်းနောက်ပိုင်း ခန္ဓက(၃)ကျမ်းကို မြန်မာနိုင်ငံတစ်နိုင်ငံလုံး၌ တစ်ပါးတည်းသာ အောင်မြင်တော်မူပြီး နိုင်ငံတော်မှဆက်ကပ်သော ပိဋကတစ်ပုံအောင်(ဝိနယကောဝိဒဘွဲ့)ကိုရရှိတော်မူသည့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ကျော်ဇံထေရဝါဒကျောင်းတိုက် ဦးဆောင်ဆရာတော်နှင့် ရန်ကုန်မြို့ မြတ်ရတနာ ဆရာတော်တို့၏ တပည့်အရှင်လာဘသာမီလင်္ကာရအား ယနေ့နံနက်(၈)နာရီခွဲ အချိန်၌ ဘိုကလေးမြို့မ ဆွမ်းလောင်းအသင်းဓမ္မာရုံကြီးတွင် ထပ်ဆင့်ဂုဏ်ပြုပွဲ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တံတားဦးခရိုင်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ( ၁၅၂၃၀ )ဦး ကျောင်းအပ်လက်ခံပြီးစီး
May 23,2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ပညာသင်ကြားနိုင်စေရန်ရည်ရွယ်၍ “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံ ကြပါစို့ “ဟူသောဆောင်ပုဒ်နှင်အညီ တံတားဦးခရိုင်၌ ကျောင်းသား၊ ကျောင်းသူများအားလုံး အခြေခံပညာကျောင်းများအသီးသီးတွင် မေလ(၂၂)ရက်နေ့ နံနက်ပိုင်းမှစတင်၍ ကျောင်းအပ်လက်ခံ ဆောင်ရွက်နေကြောင်းသိရသည် ။
ဇလွန်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 23,2025
ဧရာ၀တီတိုင်းဒေသကြီး၊  ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အ.ထ.က (၁)ဇလွန် အမျိုးသားကျောင်းဆောင် ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။