သတင်းများ

ရှင်ဗွေယန်မြို့တွင် ရက်(၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းအပြီးကွင်းဆင်း ဆောင်ရွက်ပေး
May 12,2026
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တနိုင်းခရိုင်ဦးစီးမှူးရုံးမှ တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့ရှိ ရပ်ကွက်‌/ကျေးရွာများရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကပ်ပြားများ နေ့ချင်းအပြီး ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက် ၈ နာရီက ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး ပညာပေးသင်တန်းဖွင့်လှစ်
May 12,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးလုပ်ငန်းများပိုမို ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တိရစ္ဆာန်များတွင် ဖြစ်ပွားတက်သော ကူးစက်ရောဂါများအကြောင်း သိရှိလိုက်နာ ကာကွယ်ထိန်းချုပ်နိုင်စေရန် ရည်ရွယ်၍ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး ပညာပေးသင်တန်းကို ကညင်ငူကျေးရွာအုပ်စု၊ ကုန်းပတ်တော်ကျေးရွာ၊ ဓမ္မာရုံတွင် ဖွင့်လှစ်ခဲ့သည်။
ကျုံပျော်မြို့နယ်၌ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့များဖွဲ့စည်း
May 12,2026
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများပြန်လည် ရွေးချယ်‌ဆောင်ရွက်သွားမည်ဖြစ်ရာ ထိုသို့‌ဆောင်ရွက်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းခြင်းကို ယမန်နေ့နံနက်မှ စတင်ဆောင်ရွက်ခဲ့သည်။
စစ်ကိုင်းမြို့တွင် သဘာဝဘေးဖြစ်ပေါ်လာပါက အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အသင့်ထားရှိ
May 12,2026
စစ်ကိုင်းမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များအပေါ်တွင် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်လေ့ကျင့်မှုများ ဆောင်ရွက်ပြီး  အသင့်ထားရှိလျက်ရှိပါသည်။
မြင်းမူမြို့တွင် သဘာဝဘေးဖြစ်ပေါ်လာပါက အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အသင့်ထားရှိ
May 12,2026
စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မြင်းမူမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များအပေါ်တွင် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်လေ့ကျင့်မှုများဆောင်ရွက်ပြီး အသင့်ထားရှိလျက်ရှိပါသည်။
ပွင့်ဖြူမြို့နယ်၌ သုံးကြိမ်ရ လူရည်ချွန်ကျောင်းသားအား ဂုဏ်ပြုကြိုဆိုပွဲ ကျင်းပပြုလုပ်
May 12,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကြီးမှူးကျင်းပသည့် သုံးကြိမ်ရ လူရည်ချွန်ကျောင်းသားအားဂုဏ်ပြုကြိုဆိုပွဲကို ယမန်နေ့က အဆိုပါ ပွင့်ဖြူမြို့အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ မြို့နယ်ပညာရေးမှူးနှင့် ပညာရေဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများက အောင်သပြေပန်းများ၊ ပန်းကုံးများဖြင့် သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုကြသည်။
ပန်းတနော်မြို့နယ်၌ သဘာဝဘေးအန္တရာယ်များ ကူညီကယ်ဆယ်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် ပစ္စည်းကိရိယာများ အသင့်စုဖွဲ့ပြင်ဆင်
May 12,2026
ဧရာဝတီတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးပစ္စည်းများ အသင့်စုဖွဲ့ထားရှိခြင်းကို ယမန်နေ့နံနက်ပိုင်းက မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ဆောင်ရွက်ခဲ့ပါသည်။
ဆိပ်ဖြူမြို့နယ်တွင် စည်ပင်သာယာရေးအဖွဲ့ကော်မတီဝင်များနှင့် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆွေးနွေး
May 12,2026
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီက မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ ပြုလုပ်သည်။