သတင်းများ

သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre တွင် ဉာဏ်စမ်းပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲပြုလုပ်
May 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဉာဏ်စမ်းပြိုင်ပွဲနှင့်ကဗျာရွတ်ဆိုပြိုင်ပွဲကို မေလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
တွံတေးမြို့နယ်၌ မိုးစပါးရာသီတွင် မိုးစပါး (၈၁၃၃၅)ဧက စိုက်ပျိုးရန်လျာထား
May 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ယခုနှစ် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးရာသီတွင် မိုးစပါးစိုက်ပျိုးရန်ဧက (၈၁၃၃၅)လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးထံမှ သိရှိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်းဘုတ် စိုက်ထူပွဲပြုလုပ်
May 24,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ပညာရေးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူပွဲကို မေလ ၂၂ ရက်နေ့နံနက် ၉ နာရီချိန်က အမှတ်(၄)ရပ်ကွက်၊ အ.ထ.က (ပေါက်ခေါင်း)ကျောင်းရှေ့၌ စိုက်ထူခဲ့သည်။ ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်သူဦးနှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာ‌ရေးမှူးနှင့် ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများတို့က ဆိုင်းဘုတ်အားစိုက်ထူကာ အမွှေးနံ့သာရည်များ ပက်ဖျန်း၍ ဖွင့်လှစ်ခဲ့ကြသည်။
မိုးညိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးလုပ်ငန်းများ စတင်ဆောင်ရွက်
May 24,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၁၆၆)ကျောင်းတွင် ယနေ့နံနက်ပိုင်းမှစ၍ ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် နိုင်ငံတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့ကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေး
May 24,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ပြည်သူ့ဆေးရုံတွင် မေလ ၂၁ ရက်နေ့နံနက်ပိုင်းက နိုင်ငံတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့နယ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်း စတင်ဆောင်ရွက်
May 24,2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာအရ ၂၀၂၅ ခုနှစ် မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့ထိ ဆောင်ရွက်မည်ဖြစ်ရာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို မေလ ၂၂ ရက်နေ့ နံနက် ၈ နာရီအချိန်မှစတင်၍ လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။
လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် “​အောင်မြင်ရေးသော့ချက်” စာအုပ် စာဖတ်ဝိုင်းပြုလုပ်
May 24,2025
ရန်ကုန်တိုင်း​ဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် Book Club အဖွဲ့နှင့် Youth Club အဖွဲ့တို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ၊  စာပေကို ပိုမိုချစ်မြတ်နိုးတတ်စေရန်နှင့် စာပေမှ အသိပညာဗဟုသုတ ပိုမိုရရှိစေရန်ရည်ရွယ်၍ စာရေးဆရာ ညီညီနိုင် ရေးသားသည့် "အောင်မြင်ရေးသော့ချက်” စာအုပ်အား လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မတ်လ (၂၂)ရက်နေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်၊၊
ခရမ်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေး နေ့အခမ်းအနားကျင်းပ
May 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌  ၂၀၂၅-၂၀၂၆ ပညာသင်နှစ် “ ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ” ဆိုသည့် ဆောင်ပုဒ်အတိုင်း ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားနိုင်ရေး မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီကခရမ်းမြို့၊ အမှတ်(၂) အခြေခံပညာအထက် တန်းကျောင်း၊ မြို့မဂုဏ်ရည်ခန်းမ၌ ကျင်းပခဲ့သည်။