သတင်းများ

ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (၄)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Jul 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (၄)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ဖျာပုံမြို့ပြည်သူ့ အားကစားကွင်းကြီး၌ ကျင်းပသည်။
အုတ်ဖိုမြို့၌ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား UID ဆောင်ရွက်ပေး
Jul 25,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများ ထုတ်ပေးရာတွင် အဆင်ပြေစေရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ Biometric ကောက်ယူပြီး (UID) Unique Identity ထုတ်ပေးခြင်းလုပ်ငန်းကို မြန်မာ့စီးပွားရေးဘဏ်၌ ယမန်နေ့က ဆောင်ရွက်ပေးသည်။
ဝေါမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားပင်စင်စားများအား UID (ခေါ်) Smart Card အား အခမဲ့ပြုလုပ်ပေး
Jul 25,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက UID (ခေါ်) Smard Card အား ယမန်နေ့ နံနက်(၉)နာရီက မြန်မာ့စီးပွားရေးဘဏ်တွင် ဆက်လက်ပြုလုပ်ပေးလျက်ရှိသည်။
အုတ်တွင်းမြို့နယ်၌ သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါးသွင်းအားစုထည့်သွင်းနေမှုအခြေအနေအား တာဝန်ရှိသူများက ကွင်းဆင်းကြပ်မတ်မှုများ ဆောင်ရွက်
Jul 25,2025
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် သမဝါယမဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ သမဝါယမကဏ္ဍမှ မိုးစပါးစီမံကိန်းဆောင်ရွက်နေသည့် ကျေးရွာလေးရွာအား တာဝန်ရှိသူများက ဇူလိုင် ၂၃ ရက်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းကြပ်မတ်မှုများ ဆောင်ရွက်ပေးခဲ့သည်။
မြိတ်တက္ကသိုလ်တွင် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပ
Jul 25,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဒီရေတောများ သားစဉ်မြေးဆက် ထိန်းသိမ်းအသုံးပြုနိုင်ရေး၊ ပြည်သူလူထုအသိပညာမြှင့်တင်ပေးရေးအတွက် (၂၀၂၅)ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ဇူလိုင်(၂၅)ရက် နံနက်ပိုင်းက မြိတ်တက္ကသိုလ် ပုလဲသစ္စာခန်းမတွင် ကျင်းပခဲ့သည်။
သဲကုန်းမြို့ သီတဂူတပ်အလယ်ကျောင်းတွင် စာအောင်သံဃာများအား ဂုဏ်ပြုဆုနှင်းသဘင်နှင့် (စတုတ္ထ)အကြိမ်စုပေါင်းဝါဆိုသင်္ကန်းဆပ်ကပ်ပွဲအခမ်းအနား ကျင်းပ
Jul 25,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ရပ်ကွက်(၄)၊ ပေါက်တောရပ်၊ သီတဂူတပ်အလယ်ကျောင်းတွင်  စာအောင်သံဃာများအား ဂုဏ်ပြုဆုနှင်းသဘင်နှင့် (စတုတ္ထ)အကြိမ်စုပေါင်းဝါဆိုသင်္ကန်းဆပ်ကပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါကျောင်းရှိ သီတဂူ သဒ္ဓမ္မဇောတိကကျောင်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ကဝမြို့နယ်တွင် ၂၀၂၅ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေး
Jul 25,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီက ကဝမြို့နယ် ငါးထပ်ကြီးဘုရားရင်ပြင်ပေါ်တွင် ဆောင်ရွက်ခဲ့သည်။
ရွှေတောင်မြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်ပေး
Jul 25,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ရွှေတောင်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသန်းထူးနှင့် ဝန်ထမ်းများသည် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ပင်စင်ဘဏ်ထုတ်ရာတွင် ပိုမိုလွယ်ကူလျင်စွာ ဆောင်ရွက်နိုင်ရန်၊ UID နံပါတ်များထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။