သတင်းများ

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ပျော်ဘွယ်မြို့နယ်ရှိ အသေးစားသဘာဝ မြေဩဇာထုတ်လုပ်ရေးလုပ်ငန်းနှင့် မိုးစပါးစိုက်ပျိုးမှု သရုပ်ပြပွဲကြည့်ရှုအားပေး
Aug 18,2025
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်အတူ ဩဂုတ် ၁၈ ရက် နံနက်ပိုင်းက ပျော်ဘွယ်မြို့ရှိ အသေးစားသဘာဝမြေဩဇာ ထုတ်လုပ်ရေးလုပ်ငန်းနှင့် မျိုးစေ့ချကိရိယာ(Drum Seeder) အသုံးပြု၍ မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
လေးမျက်နှာမြို့နယ် တိုက်နယ်အမှတ်(၁)ရှိ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသက်မဲပေးခြင်း အခမ်းအနားကျင်းပ
Aug 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အမှတ်(၁)ရပ်ကွက် ပြည်ငြိမ်းအေးဓမ္မာရုံတွင် ယနေ့နံနက်ပိုင်းက မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသက်မဲပေးခြင်း အခမ်းအနားကျင်းပခဲ့သည်။
မိုင်းပျဉ်းမြို့ရှိ ဌာနဆိုင်ရာများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်း ဆောင်ရွက်
Aug 18,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများအား  မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်းကို ယနေ့မွန်းလွဲ ၁ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ နမ့်ခုတ်ကျေးရွာ၌ မြန်မာအီလက်ထ‌‌ရောနစ်မဲပေးစက်နှင့် စပ်လျဉ်းပြီး ရှင်းလင်းလက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်
Aug 18,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့် စပ်လျဥ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများကို ယနေ့နံနက်(၁၀)နာရီအချိန်က နမ့်ခုတ်ကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်သည်။
မိုင်းယန်းမြို့၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ပေး
Aug 18,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ဆောင်ရွက်သည့် ကျောင်းသား၊ ကျောင်းသူများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ခြင်းနှင့် ဇီဝဆိုင်ရာအချက်အလက်များ စိစစ်ကောက်ယူ၍ UID နံပါတ်ထုတ်ပေးခြင်းတို့ကို ယနေ့နံနက် ၁၀ နာရီက ပါမိုင်ရပ်ကွက် မူလတန်းလွန်ကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ‌သည်။
မိုင်းယန်းမြို့နယ်၌ ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Aug 18,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယနေ့နံနက် ၁၀ နာရီက ပါနွန်း၊ ကျိုင်းဟင်ရပ်ကွက် ပါလျှံဘုန်းတော်ကြီးကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
မြဝတီမြို့တွင် အမျိုးသမီးအိမ်တွင်းမှု သက်မွေးသင်တန်းများဖွင့်လှစ်
Aug 18,2025
ကရင်ပြည်နယ်၊မြဝတီခရိုင်၊မြဝတီမြို့ရှိ အမျိုးသမီးငယ်များ၊ လူငယ်၊ လူရွယ်များအား အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်နှင့် ကလေးအလုပ်သမားပပျောက်စေရန် ရည်ရွယ်၍ မြဝတီမြို့အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ယနေ့နံနက် ၈နာရီက ကတ်ဖြင့် (မှန်ဇာ)အိတ် ထိုးနည်း၊ ဘိုးကလစ် ထိုးနည်း၊ သွားကြားထိုးတံဗူး၊ အိတ်ထိုးနည်းသင်တန်းများ ဖွင့်ပွဲကျင်းပသည်။
လေးမျက်နှာမြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီ နေရပ်စွန့်ခွာရောက်ရှိ လာသော ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ
Aug 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှအကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ၍ ယာယီရောက်ရှိလာသော ပြည်သူများအား ဧပြီ၊ မေ၊ ဇွန်လများအတွက် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပခဲ့သည်။