မြဝတီ သြဂုတ် ၁၈
ကရင်ပြည်နယ်၊မြဝတီခရိုင်၊မြဝတီမြို့ရှိ အမျိုးသမီးငယ်များ၊ လူငယ်လူရွယ်များအား အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်နှင့် ကလေးအလုပ်သမားပပျောက်စေရန်ရည်ရွယ်၍ မြဝတီမြို့အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် ယနေ့နံနက် ၈နာရီက ကတ်ဖြင့် (မှန်ဇာ)အိတ် ထိုးနည်း၊ ဘိုးကလစ်ထိုးနည်း၊ သွားကြားထိုးတံဗူး၊ အိတ်ထိုးနည်းသင်တန်းများ ဖွင့်ပွဲကျင်းပသည်။
အဆိုပါသင်တန်းများဖွင့်ပွဲအခမ်းအနားကို မြို့နယ်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်မော်အောင် က အမှ စကားပြောကြားသည်။ ဆက်လက်ပြီးအမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သိန်းဦးက သင်တန်းရည်ရွယ်ချက်ကိုပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် (၂)ဦးအောင်မျိုးထွန်းက အိမ်တွင်းမှုသင်တန်းများကုန်ကျစရိတ် ကျပ် ၁၀၁၉၀၀၀ ကို ပေးအပ်သည်။
အဆိုပါ အိမ်တွင်းမှုသင်တန်းများသို့ မြို့ပေါ်ရှိ ရပ်ကွက် (၅)ခုမှ သင်တန်းသူ (၂၃)ဦး တက်ရောက်ကြသည်။ အမျိုးသမီးအိမ်တွင်းမှုသင်တန်းများအား သြဂုတ်၁၈ရက်မှ(၂၁)ရက်အထိ သင်တန်းသူ (၂၃)ဦးအား သင်ကြားပို့ချပေးမည် ဖြစ်ကြောင်းသိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)