သတင်းများ

ရပ်စောက်၌ ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးသရုပ်ပြသခြင်း ဆောင်ရွက်
Aug 22,2025
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ပြည်သူများအနေဖြင့် ဆန္ဒမဲပေးရာ၌ တိကျမှန်ကန်မြန်ဆန်စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးသရုပ်ပြသခြင်းကို  ဇော်ဂျီရပ်ကွက်နှင့် မြို့ဦးရပ်ကွက်ရှိ ဓမ္မာရုံ၌ ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး လူငယ်မဟာဗျူဟာဖိုရမ် (၂ဝ၂၅) သို့ တက်ရောက်မည့် တိုင်းဒေသကြီး လူငယ်ကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံ 
Aug 21,2025
တနင်္သာရီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးဦးသက်နိုင်သည် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် (၂ဝ၂၅) သို့တက်ရောက်မည့်တိုင်းဒေသကြီးလူငယ်ကိုယ်စား လှယ်အဖွဲ့အား ထားဝယ်မြို့၊တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနအစည်းအဝေးခန်းမ၌ ယနေမွန်းလွဲ ၁ နာရီ က တွေ့ဆုံ၍ ယခုဖိုရမ်သည် လူငယ်များအတွက် ပြုလုပ်သော ဖိုရမ်ဖြစ်သောကြောင့် မိမိအတွက်၊ မိမိဒေသအတွက်အကျိုးရှိကြောင်း၊ ထို့ကြောင့် ဖိုရမ်မှရရှိလာသော ဆွေးနွေးချက်များကို လေ့လာမှတ်သားပြီး လူငယ်များကို ပြန်လည်မျှဝေပေးရန် လိုအပ်ကြောင်းပြောကြားသည်။
မင်္ဂလာဒုံမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတတိုးပွားစေရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကွင်းဆင်းဆောင်ရွက်
Aug 21,2025
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများသည် ကျောင်းသား၊ ကျောင်းသူများကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတတိုးပွားရရှိလာစေရေးရည်ရွယ်လျက် ယမန်နေ့နံနက်ပိုင်းက အမှတ်(၄)၊ အခြေခံ ပညာအလယ်တန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဖြင့် စာအုပ်၊ စာစောင်များ (အခမဲ့)ငှားရမ်းပေးခြင်းကို ကွင်းဆင်းဆောင်ရွက်‌ပေးခဲ့သည်။
မြိတ်မြို့တွင် လူငယ်ရေးရာအသိပညာပေးဟော‎ပြောပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်‎စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်
Aug 21,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပြန်ကြား‎ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ခြင်းလုပ်ငန်းများကို ယနေ့‎နံနက် ၁၀ နာရီက မြိတ်မြို့အခြေ‎ခံပညာအလယ်တန်းကျောင်း အ.လ.က(၁)၌ ကျင်းပ ပြု‎လုပ်ခဲ့သည်။
မိုးကောင်းမြို့နယ် နမ္မတီးမြို့၌ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်မောင်းနှင်သူများအား အန္တရာယ် ကင်းရှင်းရေး အသိပညာပေးဆောင်ရွက်
Aug 21,2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့၌ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်မောင်းနင်သူများအား အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၁၀)နာရီတွင် နမ္မတီးမြို့ ဆေးရုံလမ်းမကြီးလမ်းဆုံနှင့် ပြည်ထောင်စုလမ်းမလမ်းဆုံတို့၌ ပြုလုပ်ကြောင်း သိရသည်။
ကြည့်မြင်တိုင်မြို့နယ်တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 21,2025
ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် အသိပညာပေးဟောပြောပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
ဓနုဖြူမြို့နယ်၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲ အခမ်းအနားကျင်းပ
Aug 21,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် (၉) နာရီအချိန်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲ အခမ်းအနားကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
တနင်္သာရီမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းဆိုင်ရာ သင်တန်းဖွင့်လှစ်
Aug 21,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းဆိုင်ရာသင်တန်းကို ဩဂုတ်လ (၂၁) ရက် နံနက် (၉) နာရီက အ.ထ.က(တနင်္သာရီ) ပညာရတနာခန်းမတွင် ဖွင့်လှစ်သည်။