သတင်းများ

ပွင့်ဖြူမြို့နယ်တွင် ဖီးကြမ်းငှက်ပျောများ ဈေးကောင်းရရှိ၍ စိုက်ပျိုးတောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိ
Feb 26,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ကျေးလက်နေတောင်သူများသည် မိသားစုဝင်ငွေတိုးပွားရေးအတွက် ငှက်ပျောသီးနှံများကိုလည်း စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ယခုနှစ်တွင် ဖီးကြမ်းငှက်ပျောများမှာ ပြည်သူများ အကြိုက်တွေ့ကာ ဝယ်ယူအားပေးမှု မြင့်တက်လာသည့်အတွက် ငှက်ပျော ဈေးကွက်တွင် ဖီးကြမ်းငှက်ပျောများ ဈေးကောင်း ရရှိကာ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဖီးကြမ်းငှက်ပျောစိုက်ပျိုးတောင်သူများ စီးပွားရေးတွက်ခြေကိုက် နေကြကြောင်း ပွင့်ဖြူမြို့ နယ် ညောင်ပင်စောက်ကျေးရွာမှ ငှက်ပျောစိုက်ပျိုးတောင်သူများထံမှ သိရသည်။
ဝေးလံခေါင်သီ ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူများအတွက် အဝတ်အထည်နှင့် မုန့်များ လှူဒါန်း
Feb 26,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်အတွင်းရှိ ဝေးလံခေါင်သီကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူများအတွက် အဝတ်အထည်နှင့် မုန့်များကို မယ်စဲ့မြို့မကျောင်းတိုက် ဆရာတော်ဦးဩဇေယျနှင့်အဖွဲ့က ယမန်နေ့က အ.မ.က(နမ့်ဟူး)နှင့် မူလွန်(ဟိုဂျစ်)တို့တွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါ(COVID-19) ကာကွယ်ရေး နည်းလမ်းများ အသိပညာပေး ဟောပြော
Feb 26,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ(COVID-19) ကာကွယ်ရေး နည်းလမ်းများ နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီခွဲက တောင်ခြေကျေးရွာ ဘုန်းတော် ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
(၃၇)ကြိမ်မြောက် ပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ စာမေးပွဲ မိုးညှင်းတွင်ကျင်းပ
Feb 26,2020
(၃၇)ကြိမ်မြောက် ကချင်ပြည်နယ် လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာမေးပွဲကို မိုးညှင်းမြို့ အရှေ့စုရပ်ကွက်ရှိ ဥတ္တရာမကျောင်းတိုက်တွင် ယမန်နေ့ မွန်းတည့် (၁၂) နာရီမှစ၍ ကျင်းပရာ မြို့နယ် အသီးသီးရှိ ကျောင်းတိုက်များမှ စာဖြေ သံဃာတော်များနှင့် စာဖြေသီလရှင် ဆရာလေးများ စုစုပေါင်း ၁၀၂ ပါး ဝင်ရောက် ဖြေဆို ခဲ့ကြသည်။
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်လှစ်
Feb 26,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကြီးမှူး၍ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) (၁/၂၀၂၀) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ဥတ္တရခရိုင်၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
လှိုင်းဘွဲမြို့ လူထုအခြေပြုဗဟိုဌာန၌ Book Club အဖွဲ့ စာဖတ်ဝိုင်းကျင်းပ
Feb 26,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာရေးဆရာအောင်သစ်၏ “မိမိဘဝ မိမိထူထောင်” အောင်မြင်ရေးစာအုပ်ဖြင့် ယနေ့ နံနက် (၉)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။
ကျောက်ပန်းတောင်းမြို့နယ် ကြည်ကုန်းကျေးရွာနှင့် ထန်းတော်ကြီးကျေးရွာ တို့တွင် လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနား ကျင်းပ
Feb 26,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကြည်ကုန်းကျေးရွာနှင့် ထန်းတောကြီး ကျေးရွာ တို့တွင် နိုင်ငံတော် ဓာတ်အားစနစ်မှ သွယ်တန်းရယူသည့် လျှပ်စစ်မီးဖွင့်ပွဲများကို ယမန်နေ့ ညနေပိုင်းက အဆိုပါ ကျေးရွာများတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သီပေါမြို့နယ်အတွင်း လျှပ်စစ်မီး မရရှိသေးသော ကျေးရွာများသို့ စွမ်းအားမြှင့် မီးဖိုများ အခမဲ့ ဖြန့်ဝေ ပေးသွားမည်
Feb 26,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သီပေါမြို့နယ်အတွင်း လျှပ်စစ်မီးမရရှိသေးသော ကျေးရွာအုပ်စု(၃၀)မှ ကျေးရွာ(၃၃၀)ရွာရှိ အိမ်ထောင်စု (၁၈၀၀၀)ထံသို့ စွမ်းအားမြှင့် မီးဖိုများကို နှစ်ကြိမ်ခွဲ၍ အခမဲ့ဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။