သတင်းများ

သရက်မြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမား/ပန်းရန် သင်တန်းဆင်းပွဲ ကျင်းပ
Feb 26,2020
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာနနှင့် နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ် သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမား/ပန်းရန် သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီခွဲ အချိန်က ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ သင်တန်းဆရာနှင့် သင်တန်းသား/သူ (၃၀)ဦး တက်ရောက်ကြသည်။
ဇီးကုန်းမြို့နယ် သမဝါယမအသင်းစုလီမီတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကျင်းပ
Feb 26,2020
ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ် သမဝါယမအသင်းစုလီမီတက်၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ရန်ကုန်ပြည်ကားလမ်းရှိ သမဝါယမအသင်းစုပိုင် ဆန်စက်ဝန်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး သမဝါယမအသင်းစု ဥက္ကဋ္ဌ ဦးအောင်မြိုင်၊ ပဲခူးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်ချစ်ဆွေ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိန်လှ၊ ဦးစီးအရာရှိ ဦးအောင်လင်းညိုနှင့် ဇီးကုန်းမြို့နယ် သမဝါယမအသင်းစု ဥက္ကဋ္ဌနှင့် ဝန်ထမ်းများ၊ ရပ်/ကျေး သမဝါယမအသင်းစုဝင်များ တက်ရောက်ခဲ့ကြသည်။
မြစ်သားတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးပြည်သူ့စကားဝိုင်း ကျင်းပ
Feb 26,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီ က မြစ်သားမြို့နယ် တမာပင်ကျေးရွာအုပ်စု၊ တမာပင်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ကျင်းပ ပြုလုပ်သည်။
အင်းတော်မြို့တွင် နွေရာသီ အားကစားသင်တန်းများ ဖွင့်လှစ်သွားမည်
Feb 26,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့အနေဖြင့် နွေရာသီအားလပ်ရက်များအတွင်း အားကစားနည်း ( ၈ ) မျိုးအား သင်တန်းများ ဖွင့်လှစ်သင်ကြား လေ့ကျင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
နတ်မောက်မြို့၌ (One State One Township Project ) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Feb 26,2020
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀) နာရီ က နတ်မောက် မြို့နယ်တွင် (One State One Township Project ) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။
ကျိုင်းတုံမြို့၌ ရှားပါးဓာတ်ပုံပြပွဲ ကျင်းပ
Feb 26,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ယဉ်ကျေးမှုပြတိုက်အကြောင်း ပြည်သူများ ပိုမိုသိရှိလာစေရန်၊ ဒေသအတွင်းရှိ ရှားပါးဓာတ်ပုံများအား အများပြည်သူများ လေ့လာနိုင်စေရန်၊ ရှားပါးဓာတ်ပုံများအား လေ့လာခြင်းဖြင့် ပြည်သူများဗဟုသုတ တိုးပွားလာစေရန် ရည်ရွယ်၍ ရှားပါးဓာတ်ပုံပြပွဲကို ကျိုင်းတုံမြို့၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတွင် ဖေဖော်ဝါရီ ၂၆ ရက်မှ မတ် ၁ ရက်ထိ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကလေးခရိုင်ပြည်သူ့ အားကစားကွင်းတွင် ကိုယ်လက် လှုပ်ရှား ဆေးတစ်ပါး (Exercise is Medicine) အစီ အစဉ် ပြုလုပ်
Feb 26,2020
မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်၊ ရင်ခွင်မဲ့ ကလေးငယ်များစောင့်ရှောက်ရေးအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးအားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ကိုယ်လက်လှုပ်ရှား ဆေးတပါး (Exercise is Medcine) အစီအစဉ်ကို ယနေ့ နံနက် ၇ နာရီက ကလေးခရိုင် ပြည်သူ့ အားကစားကွင်းအတွင်း၌ ကျင်းပရာ နိုင်ငံတော် ဒုတိယသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူ ၏ဇနီး ဒေါက်တာအန်နာရွှေလွှမ်း တက်ရောက်ပါဝင်ဆင်နွှဲသည်။
ကာမိုင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကိုရိုနာဗိုင်းရပ်စ်(COVID-19)ဆိုင်ရာ ကြိုတင် ကာကွယ်ရေး အသိ ပညာပေး နယ်လှည့်ဆောင်ရွက်
Feb 26,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ကာမိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကိုရိုနာဗိုင်းရပ်စ်(COVID-19)ဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပညာပေး နယ်လှည့် လှုပ်ရှားမှု ဆောင်ရွက်ခြင်းကို ထွယ်ဆန်ယန်ရပ်ကွက်ရှိအခြေခံပညာမူလတန်းကျောင်း၌ ယမန်နေ့ နေ့လယ် (၂)နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။