သတင်းများ

မြဝတီမြို့ လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူ့စကားဝိုင်းကျင်းပ
Feb 26,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် “ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် သတိပြုကာကွယ်” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
အခြေခံ အားကစား သင်တန်းများ ပခုက္ကူ၌ ဖွင့်လှစ်မည်
Feb 26,2020
ပခုက္ကူခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ အခြေခံအားကစားသင်တန်း (၁၂)မျိုးကို မတ်လ ၁၁ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်သည်။
ခရိုင်/မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှ (2019-nCov Acute Respiratory Disease ) ရောဂါ ကာကွယ်နှိမ်နှင်းရေး အသိပညာပေး ဆွေးနွေးပွဲများ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ဆောင်ရွက်
Feb 26,2020
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြိုနယ်အတွင်း မိတ္ထီလာခရိုင် မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့နှင့် မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေး ကြီးကြပ်မှု့အဖွဲ့တို့ ပူးပေါင်း၍ (2019-nCov Acute Respiratory Disease) ရောဂါ ကာကွယ်နှိမ်နှင်းရေး အသိပညာပေး ဆွေးနွေးပွဲများကို ယမန်နေ့ နေ့လယ် ၂ နာရီက ဝမ်းတွင်းမြို့နယ်အတွင်းရှိ သဘွတ်ကုန်း စံပြကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြိုင်မြို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် ကျွဲ၊ နွား၊ ဆိတ်၊ ဝက် ကူးစက်ရောဂါ ကာကွယ်ဆေးထိုး သင်တန်းဖွင့်လှစ်
Feb 26,2020
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် ကျွဲ၊ နွား၊ ဆိတ်၊ ဝက် ကူးစက်ရောဂါ ကာကွယ်ဆေးထိုးသင်တန်းကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်က ဖွင့်လှစ်ခဲ့သည်။
မိုးမိတ်မြို့တွင် မျက်စိဝေဒနာရှင်များအား အခမဲ့ စမ်းသပ်ကုသပေး
Feb 26,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် ရွှေတောင်ဦးဘုရားဓမ္မာရုံတွင် မိုးကုတ်မြို့ ချမ်းသာကြီးမြတ်စွာဘုရား အခမဲ့ကုသိုလ်ဖြစ် မျက်စိ ခွဲစိတ် ကုသရေးအဖွဲ့မှ မိုးမိတ်မြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ်ကုသပေးခြင်းကို ယနေ့ နံနက် ၇ နာရီအချိန်မှစတင်၍ စမ်းသပ် စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့တွင် မြန်မာ့နှမ်း GAP စနစ်ဖြင့် စိုက်ပျိုး ထုတ်လုပ်မှု မြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်
Feb 26,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ မိုးလုံလေလုံပြည်သူ့ အားကစားခန်းမတွင် ယနေ့ နံနက် (၈) နာရီက စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးကော်ပိုရေးရှင်း (IFC) တို့ ပူးပေါင်းကျင်းပသည့် မြန်မာ့နှမ်း GAP စနစ်ဖြင့် စိုက်ပျိုး ထုတ်လုပ်မှု မြှင့်တင်ရေး ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ပွင့်ဖြူမြို့နယ် ဂါတ်ကုန်းကျေးရွာပြည်သူများ မုန်းချောင်းကမ်းပြိုမှုအန္တရာယ်ကင်းဝေးစေရေး ရေထိန်းရေကာတာ တည်ဆောက်ပေးသွားမည်
Feb 26,2020
မကွေးတိုင်းဒေသကြီး၊ ဂါတ်ကုန်းကျေးရွာနေပြည်သူများ မုန်းချောင်းကမ်းပြိုမှု အန္တရာယ်ကင်းဝေးစေရေးအတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မုန်းချောင်းကမ်းပြိုကာကွယ်ရေး ရေထိန်းရေကာတာလုပ်ငန်းများ အကောင်အထည်ဖော် တည်ဆောက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဒဂုံမြို့နယ်လုံးဆိုင်ရာ ပါဠိပထမပြန် စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် စာအောင်ဆု ဆက်ကပ်ချီးမြှင့်
Feb 26,2020
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် သံဃနာယကအဖွဲ့မှ ကြီးမှူး၍ ၂၀၁၉ ခုနှစ်၊ ဓမ္မာစရိယစာမေးပွဲအောင် သံဃာတော်(၃)ပါးနှင့် ပထမပြန်စာမေးပွဲအောင် စာအောင်သံဃာတော် (၇) ပါးတို့အား အောင်လက်မှတ်နှင့် စာအောင်ဆု ဆက်ကပ်ချီးမြှင့်ပူဇော်ပွဲကို ယမန်နေ့ မွန်းလွဲ ၂နာရီက ပြည်အရှေ့ရပ်ကွက် အိမ်တော်ရာစေတီတော်ဝင်း ရတနာ့ဗိမာန်ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။