သတင်းများ

မန္တလေးတိုင်းဒေသကြီး၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဒုတိယနေ့တွင် ဖြေဆိုသူ ( ၁၂၇၄၃၈ )ဦး ဝင်ရောက်ဖြေဆို
Mar 12,2020
မန္တလေးတိုင်းဒေသကြီး၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မတ်လ ၁၂ရက် ဒုတိယနေ့ (အင်္ဂလိပ်စာဘာသာ)ဖြေဆိုသည့်နေ့တွင်  ကျောင်းသား၊ ကျောင်းသူ ( ၁၂၇၄၃၈ )ဦးဝင်ရောက်ဖြေဆိုကြောင်းနှင့် ပျက်ကွက်သူ ( ၆၁၂၆) ဦးရှိကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။
ဒဂုံမြို့နယ် တပ်မတော်ခန်းမ၌ ထိုင်းနိုင်ငံမှ အရည်အသွေးမြင့် ကုန်ပစ္စည်းအရောင်းပြပွဲ ဖွင့်လှစ်
Mar 12,2020
ထိုင်းနိုင်ငံမှ ထုတ်လုပ်သော အရည်အသွေးမြင့် ကုန်ပစ္စည်းအရောင်းပြပွဲ Top Thai Brands 2020 Yangon ကို Department of International Trade Promotion (DITP)မှ ကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ တပ်မတော်ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက စတင်ဖွင့်လှစ် ရောင်းချပေးပြီးဖြစ်ကြောင်း သိရသည်။
ပန်းတနော်မြို့၌ နွေရာသီအခြေခံအားကစားနည်းသင်တန်း အခမဲ့ဖွင့်လှစ်
Mar 12,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူး၍ နွေရာသီအခမဲ့ အခြေခံ အားကစားသင်တန်းကို အားကစားနည်း(၅)နည်းဖြင့် မတ်လ(၁၁) ရက်နေ့မှ မတ်လ(၂၅)ရက်နေ့အထိ မြို့နယ်အားကစားကွင်း၊ အားကစားခန်းမ၌ သင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။
ဆောမြို့၌ လူထုအခြေပြု တီဘီရောဂါကာကွယ်ရေးစီမံချက် သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Mar 12,2020
ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်း (NTP) တို့ ပူးပေါင်း ဖွင့်လှစ်သော ၂၀၂၀ ပြည့်နှစ် လူထုအခြေပြု တီဘီရောဂါကာကွယ်ရေးစီမံချက် တီဘီရောဂါ တိုက်ဖျက်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဆောမြို့ ပြည်သူ့ဆေးရုံ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။
တနိုင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် အေးချမ်းစွာ ဖြေဆို
Mar 12,2020
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် တနိုင်းမြို့နယ်အတွင်း စာစစ်ဌာန (၂) ခုတွင် တက္ကသိုလ်ဝင် စာမေးပွဲကို ယနေ့ နံနက် (၉) နာရီမှ စ၍ အင်္ဂလိပ်စာဘာသာရပ်အား ကျောင်းသား/သူများ အေးချမ်းတည်ငြိမ်စွာ လာရောက်ဖြေဆိုလျက်ရှိကြောင်း သိရ သည်။
ပွင့်ဖြူမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုသည့် ကျောင်းသား ကျောင်းသူများအား မြို့မိမြို့ဖ စေတနာရှင်ပြည်သူများက အာဟာရဒါနမုန့်များ ကျွေးမွေးလှူဒါန်း
Mar 12,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် မတ် ၁၂ ရက် ၊ ယနေ့ နံနက် ၉ နာရီက ၂၀၂၀ ခုနှစ် ၊ တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာမေးခွန်းအား ဆက်လက်ဖြေဆိုကျင်းပရာ တက္ကသိုလ်ဝင်စာမေးပွဲလာရောက်ဖြေဆိုကြသည့် ကျောင်းသား ကျောင်းသူများကို ပွင့်ဖြူမြို့ပေါ်ရှိ စေတနာရှင်ပြည်သူများက စုပေါင်း၍ အာဟာရဒါနအဖြစ် မုန့်များ လာရောက်ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
ဒီးမော့ဆိုမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်
Mar 12,2020
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို မတ်လ ဒုတိယပတ်မှစ၍ မြို့နယ်လူမှုဝန်ထမ်းဦးစီး ဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် အုပ်စုစာရေးဝန်ထမ်းများက အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်လျက်ရှိကြောင်း သိရသည်။
ဘောလခဲ−ဒီးမော့ဆို−လွိုင်ကော်−ရန်ကုန် မိုးကောင်းကင်အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်လိုင်းသစ်ဖွင့်လှစ်
Mar 12,2020
ကယားပြည်နယ် အတွင်းရှိ မိဘပြည်သူများ ခရီးသွားလာ လွယ်ကူအဆင်ပြေစေရန်အတွက် မိုးကောင်းကင် အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေး ဘောလခဲ−ဒီးမော့ဆို−လွိုင်ကော်−ရန်ကုန် မော်တော်ယာဉ်လိုင်းသစ် ဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၉ နာရီက လွိုင်ကော်မြို့၊ နောင်ယားကန်အနီး ၊ YGN Food House ၌ ကျင်းပပြုလုပ်သည်။