ဘောလခဲ−ဒီးမော့ဆို−လွိုင်ကော်−ရန်ကုန် မိုးကောင်းကင်အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်လိုင်းသစ်ဖွင့်လှစ်

လွိုင်ကော်   မတ်  ၁၂

ကယားပြည်နယ် အတွင်းရှိ မိဘပြည်သူများ ခရီးသွားလာ လွယ်ကူအဆင်ပြေစေရန်အတွက် မိုးကောင်းကင် အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေး ဘောလခဲ−ဒီးမော့ဆို−လွိုင်ကော်−ရန်ကုန် မော်တော်ယာဉ်လိုင်းသစ် ဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၉ နာရီက လွိုင်ကော်မြို့၊ နောင်ယားကန်အနီး ၊ YGN Food House ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ မော်တော်ယာဉ်လိုင်းသစ်အား ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းစိုးစိုးဟတ်၊ လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်အုန်း၊ မိုးကောင်းကင် အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေး မှ မန်နေဂျင်းဒါရိုက်တာ ဦးဖြိုးဝေလင်း၊ ပုဂ္ဂလိက မော်တော်ယာဉ်လုပ်ငန်းများ စနစ်တကျ ကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးစံအေး တို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြောင်း သတင်းရရှိသည်။

ထွန်းလေး