သတင်းများ

တန့်ဆည်မြို့တွင် အသက် (၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား ၁၁၅၁ ဦးအား လူမှုရေးပင်စင် ထောက်ပံ့
Mar 17,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေး ပင်စင်ထောက်ပံ့လျက်ရှိရာ ယနေ့ နံနက် (၉)နာရီ အချိန်က တန့်ဆည်မြို့ မေတ္တာ မြိုင်ရပ်ကွက် အတွင်း ကွင်းဆင်း ထောက်ပံ့ပေးခဲ့သည်။
ဖာပွန်မြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် အမျိုးသမီးကော်မတီ အစည်းအဝေး ကျင်းပ
Mar 17,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် အမျိုး သမီးကော်မတီအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျိုင်းတုံမြို့၌ စော်ဘွားဈေးနေ့အား ပုံမှန် ဈေးရောင်းချခြင်းဖြင့်သာ ကျင်းပ
Mar 17,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ နှစ်စဉ်ကျင်းပလျက်ရှိသော စော်ဘွားဈေးနေ့ကို  ယမန်နေ့က  ပါလျန် တံခါးအနီး၊ စော်ဘွားကြီးအုတ်ဂူရှေ့၊ လွိုင်မွေလမ်းတွင် ကျင်းပသည်။
နမ့်ဆန်မြို့တွင် နယ်ဝေးမှ ဝင်ရောက်လာသည့် ခရီးသည်များအား COVID-19 ကိုရိုနာ ဗိုင်းရပ်စ် ရှိ/မရှိ စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်
Mar 17,2020
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် နယ်ဝေးမှ ဝင်ရောက်လာ သည့် ခရီးသည် များအား COVID-19 ကိုရိုနာဗိုင်းရပ်စ် ရှိ/မရှိ စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းကို ယမန်နေ့က  ညနေ (၅)နာရီ အထိ မြို့နယ်ပြည်သူ့ဆေးရုံရှေ့တွင် စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွှေတိဂုံစေတီတော်၌ ဘုရားဖူးပြည်သူများအား ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်သည့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်
Mar 17,2020
ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး ပြည်သူများ လိုက်နာရမည့်  ကျန်းမာရေး အသိပညာပေးခြင်း လုပ်ငန်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာရွှေပြည်နှင့် ကျန်းမာရေး ဝန်ထမ်း များက ယမန်နေ့ နေ့လယ် ၂ နာရီ အချိန်တွင် ရွှေတိဂုံစေတီတော်၌  ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ကန်ကြီးထောင့်မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု (၃၁)အုပ်စု သို့ စွမ်းအားမြှင့်မီးဖို ၁၃၅၀၀ လုံး အခမဲ့ ဖြန့်ဖြူးပေးလျက်ရှိ
Mar 17,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယား နိုင်ငံ ရာသီဥတု ပြောင်းလဲမှု ဗဟိုဌာနတို့ ပူးပေါင်း၍ ကန်ကြီးထောင့်မြို့နယ် အတွင်းရှိ လျှပ်စစ်မီး မရ ရှိသေးသည့် ကျေးရွာအုပ်စု (၃၁)အုပ်စု သို့ ဖေဖော်ဝါရီလမှ စတင်ကာ စွမ်းအားမြှင့်မီးဖိုများ ကွင်းဆင်း ဖြန့်ဖြူးပေးလျက် ရှိကြောင်း သိရသည်။
ဘုတလင်မြို့တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆောင်ရွက်
Mar 17,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာ ပေးခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက် ပိုင်းက လူစည်ကားရာ မြို့မဈေး၊ ကားဂိတ်၊ လ္ဘက်ရည်ဆိုင်များနှင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ စာဖြေဌာန အခြေခံပညာ အထက်တန်း ကျောင်းရှေ့တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြသည့် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေး
Mar 17,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကျန်းမာရေး ဝန်ထမ်းများသည် အ.ထ.က (၁) စာစစ်ဌာနတွင် တက္ကသိုလ်ဝင် စာမေးပွဲ  ရူပဗေဒ ဘာသာရပ် ဖြေဆိုမည့် နေ့တွင် ကြီးကြပ်ရေးမှူးများ၊ လုံခြုံရေးတာဝန်ရှိသူများနှင့် ကျောင်းသား/ ကျောင်းသူများအား ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်းများကို ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။