သတင်းများ

မိတ္ထီလာမြို့၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရန် အသိပညာပေးရေး ညှိနှိုင်းဆွေးနွေး
Mar 17,2020
မိတ္ထီလာမြို့တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရန် ကျေးရွာများအထိ အသိပညာပေးရေး ရည်ရွယ်ပြီး   Action  aid Myanmar နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီခွဲ အချိန်က Action aid ခန်းမ၌ ကျင်းပကြောင်း သိရသည်။
ရေတာရှည်မြို့နယ်တွင် စိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်စေမည့် စနစ်ကျ လယ်ယာမြေ ဧက ၂၀ဝ ဖော်ထုတ်
Mar 17,2020
စိုက်ပျိုးရေးကို အဓိကအားထား လုပ်ကိုင်လျက်ရှိကြသည့် တောင်သူများ၏ လက်မှု လယ်ယာ ခေတ်မှသည် စက်မှုလယ်ယာ စနစ်သို့ ကူးပြောင်းနိုင်ရေး မဟာဗျူဟာ စီမံကိန်းဖြင့် စနစ် ကျ လယ်ယာမြေ ဧက ၂၀ဝ အား ရေတာရှည်မြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စု၊ ကွင်းအမှတ် ၆၅၈ ကွင်းတွင် ဇန်နဝါရီ  ၅ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့ အချိန်ထိ ၉၀ ရာခိုင်နှုန်းကျော် ပြီးစီး သွားပြီ ဖြစ်ကြောင်း သိရသည်။
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ အသက် (၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့ နံနက် ပိုင်းမှစ၍ ဒေးဒရဲမြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ အသက် (၈၅)နှစ်နှင့် အထက် သက်ကြီး ဘိ
Mar 17,2020
ရှမ်းပြည်နယ်‌(မြောက်ပိုင်း)၊မူဆယ်ခရိုင်၊ မူဆယ်၊ နမ့်ခမ်းနှင့် ကွတ်ခိုင်မြို့တို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်အား ယမန်နေ့  နံနက် ၉ နာရီက စာစစ်ဌာန (၉)ခုဖြင့် ဖြေဆိုကျင်းပရာ စုစုပေါင်း လာရောက်ဖြေဆိုရန် ပျက်ကွက်သူဦးရေ (၂၃၅) ဦးရှိကြောင်း မူဆယ်ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။ 
ဒေးဒရဲမြို့၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၆၂၈)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်
Mar 17,2020
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ အသက် (၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့ နံနက် ပိုင်းမှစ၍ ဒေးဒရဲမြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ အသက် (၈၅)နှစ်နှင့် အထက် သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိကြောင်း သိရသည်။
ပုလောမြို့နယ်၊ လှည်းကျွန်းဝကျေးရွာ၌ လမ်းပန်းသွားလာရေး ခက်ခဲသောကြောင့် ကိုယ်ထူကိုယ်ထ မြေသားကျောက်ခင်းလမ်း ခင်းကျင်း
Mar 17,2020
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာအုပ်စု၊ လှည်းကျွန်းဝ ကျေးရွာတွင် လမ်းပန်းသွားလာရေး ခက်ခဲသောကြောင့် ကိုယ်ထူကိုယ်ထ မြေသားကျောက်ခင်း လမ်း ခင်းသည့် လုပ်ငန်း များကို ကိုယ်ထူကိုယ်ထ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
တနင်္သာရီမြို့နယ်၊ စာစစ်ဌာန (၄)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ ရူပဗေဒဘာသာရပ်ကို ဖြေဆိုသူ ကျောင်းသား/သူ (၁၇၀၆)ဦးရှိ
Mar 17,2020
၂၀၂၀ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၊ ရူပဗေဒဘာသာရပ်တွင်  တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းရှိ စာစစ်ဌာန(၄)ခုတွင် ယနေ့ နံနက် ၉နာရီ မှ ၁၂နာရီ  အထိ၊ အတွင်းဖြေဆိုသူနှင့် ပြင်ပဖြေဆိုရန်  စာရင်းရှိ ကျောင်းသူ/သား (၁၈၄၉)ဦး အနက်၊ (၁၇၀၆)ဦး ဖြေဆိုကြပြီး၊ (၁၄၃)ဦး ဖြေဆိုရန် ပျက်ကွက်ခဲ့သဖြင့် ဖြေဆိုမှုရာခိုင်နှုန်းမှာ (၉၂.၂၇)ဖြစ်ကြောင်း သိရှိရသည်။
ကနီမြို့နယ်၌ (COVID-19) ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ
Mar 17,2020
ကနီမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေး စာရေးများနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ကနီမြို့  မြို့နယ်အထွေထွေ အုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မြိုင်မြို့နယ်၌ COVID-19 ရောဂါ ကြိုတင်ထိန်းချုပ်ကာကွယ်ရန် ညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 17,2020
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့၌ Coronavirus Disease 2019 (COVID-19) အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါ ကြိုတင် ထိန်းချုပ်ကာကွယ်ရန် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် (၂) နာရီ အချိန်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။