သတင်းများ

ကောလင်းမြို့နယ်တွင် စာစစ်ဌာန (၈)ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား၊ ကျောင်းသူ (၂၅၇၅) ဦး ဝင်ရောက်ဖြေဆိုမည်
Feb 25,2020
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံအတွင်း အ‌ခြေခံပညာကျောင်းများရှိ စာစစ်ဌာနများ၌ မတ်လ ၁၁ ရက်နေ့မှစတင်၍ မတ်လ ၂၀ ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန(၈)ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား၊ ကျောင်းသူ ၂၅၇၅ ဦး ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြိုင်မြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာန အစီအစဉ်ဖြင့် နွေရာသီ အားကစားသင်တန်းများ ဖွင့်လှစ်မည်
Feb 25,2020
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန အစီအစဉ်ဖြင့် ကျင်းပမည် ဖြစ်သော နွေရာသီအားကစားသင်တန်းများကို မြိုင်မြို့ မြို့နယ်အားကစားကွင်းတွင် သင်ကြားသွားမည် ဖြစ်သည်။
လူထုအခြေပြုဗဟိုဌာန (ဗဟန်း) (Community Centre) တွင် လူမှုရေးပင်စင်ထောက်ပံ့ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ
Feb 25,2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးက စီစဉ်၍ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် ပြည်သူတစ်ရပ်လုံး ရရှိခံစားသင့်သော အခွင့်အရေးများကို အချိန်နှင့်တစ်ပြေးညီ အပြည်အဝ ရရှိနိုင် ရန်နှင့်အခွင့်အရေးများအပေါ် အသိအမှတ်ပြု နာလည်လက်ခံသည့်စနစ်များ၊ ဖွဲ့စည်းပုံများ၊ လုပ်ထုံးလုပ်နည်းများနှင့် အကောင်အထည်ဖော်မှုများကို လူမှုရေးပင်စင်ထောက်ပံ့ခြင်းလုပ်ငန်း ဆောင်ရွက်နေသူများ ပိုမိုသိရှိနားလည်ပြီး ချိတ်ဆက်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ လူမူရေးပင်စင် ထောက်ပံ့ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ဗဟန်းမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာန (ဗဟန်း)၌ ကျင်းပသည်။
ကိုရိုနာဗိုင်းရပ်စ် ပြင်းထန်အဆုတ်ရောင် ရောဂါကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်
Feb 25,2020
ကိုရိုနာဗိုင်းရပ်စ် ပြင်းထန်အဆုတ်ရောင်ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေး အသိပညာပေးလုပ်ငန်းများကို ယမန်နေ့က နောင်ချိုမြို့နယ် ကျန်းမာရေးဦးစီး ဌာနမှ တာဝန်ရှိဝန်ထမ်းများကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ကွတ်ခိုင်မြို့၊ မြို့မ အ-ထ-က‌ကျောင်း၌ ကိုရိုနာဗိုင်းရပ်စ်(COVID-19)ရောဂါ ကူးစက်ခံရမှု မရှိစေရေး အသိပညာပေးဟောပြောပွဲပြုလုပ်
Feb 25,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၊ မြို့မအထကကျောင်း၌ ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါကူးစက်ခံရမှု မရှိ‌စေရေး အသိပညာပေး ဟောပြော ပွဲ ပြုလုပ်သည်။
မိုင်းယောင်း၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပ
Feb 25,2020
မြန်မာပြည်၏ အရှေ့ဘက်အစွန်ဆုံးမြို့ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန နှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်သော ကိုရိုနာ ဗိုင်းရပ်စ် ရောဂါ ကာကွယ်ရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ် မိုးလုံ လေလုံအားကစားရုံ၌ ကျင်းပခဲ့သည်။
မင်းဘူးမြို့၌ သဘာဝဘေးဒဏ်ကြံ့ကြံ့ခံနိုင်သည့် ဘက်စုံသုံး မုန်တိုင်းဒဏ်ခံ အဆောက်အဦ တည်ဆောက်လျက်ရှိ
Feb 25,2020
မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာအုပ်စု ဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များ ပူးပေါင်း၍ မင်းဘူး (စကု)မြို့နယ် ကြာကန်ကျေးရွာအုပ်စု အောက်ကျောင်း ဘုရားဝန်းအတွင်း သဘာဝဘေးအန္တရာယ် ကျရောက်ပါက ခိုလှုံနိုင်ရန် ရည်ရွယ်၍ ဘက်စုံသုံး မုန်တိုင်းဒဏ်ခံ အဆောက်အဦကို တည်ဆောက်လျက်ရှိကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အဆုတ်ရောင်ရောဂါ (2019-nCoV)ရောဂါကြိုတင်ကာကွယ်ရေး စျေးသူ စျေးသားများအား အသိပညာပေးဟောပြော
Feb 25,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အဆုတ်ရောင်ရောဂါ (2019-nCoV) ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ စျေးသူစျေးသားများအား အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၉)နာရီက ခနောင်တိုအရှေ့ရပ်ကွက် စျေးလေးအတွင်း ပြုလုပ်ခဲ့ကြောင်းသိရသည်။