သတင်းများ

ကျောက်ဖြူမြို့၌ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေး
Sep 10,2025
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများအား မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှု သရုပ်ပြခြင်းကို ယနေ့ နံနက်(၉)နာရီက အစိုးရရပ်ကွက်ရှိ ရမ္မာဝတီခန်းမတွင် ကျင်းပရာ  ခရိုင် /မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။
သရက်ချောင်းမြို့နယ်၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော် ပြပွဲ၊ ပြိုင်ပွဲများနှင့် စာပေဟောပြောပွဲကျင်းပ
Sep 10,2025
စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေ လေ့လာဖတ်ရှုနိုင်ရန်၊ စာပေလေ့လာဖတ်ရှုခြင်းမှ ရရှိသောအသိပညာဗဟုသုတများကို ပြန်လည်အသုံးချ မျှဝေပေးနိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်သန်စွမ်းစေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းကျင်းပသော “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်  ပြိုင်ပွဲများ၊ ပြပွဲများပျော်ပွဲရွှင်ပွဲများနှင့် စာပေဟောပြောပွဲကို ယနေ့နံနက်ပိုင်းမှစတင်၍ သရက်ချောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပသည်။
ရန်ကင်းမြို့နယ်၌ မီးဘေးနှင့်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး Kaeru Caravan အစီအစဉ်ဆောင်ရွက်
Sep 10,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် မီးဘေးနှင့်သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး (Kaeru Caravan) အစီအစဉ်အား စက်တင်ဘာ ၈ ရက် နံနက်ပိုင်းက NIEC ကိုယ်ပိုင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
တွံတေးမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ
Sep 10,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ဟောပြောပွဲ၊ လူငယ်ရေးရာအသိပညာပေးဟော​ပြောပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲများနှင့် ဂိမ်းကစားပြိုင်ပွဲများကို ယမန်နေ့နံနက်(၁ဝ)နာရီအချိန်က ပျော်ဘွယ်လေးကျေးရွာအုပ်စု၊ ပျော်ဘွယ်လေးကျေးရွာရှိ (မူလွန်) ပျော်ဘွယ်လေးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းရယ်မြို့ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်နှင့် အသိပညာပေးဟောပြောပွဲ ပြုလုပ်
Sep 10,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဦးစီး၍ ယနေ့မွန်းလွဲ ၁ နာရီက အမှတ်(၄)အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်နှင့် အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ပင်လောင်းမြို့၌ ဆေးဝါးအ‌ရောင်းဆိုင်များ ကွင်းဆင်းစစ်ဆေး
Sep 10,2025
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ဌာနဆိုင်များက မြို့ပေါ်ရပ်ကွက်ရှိ ဆေးဝါးအရောင်ဆိုင်များကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
တာချီလိတ်မြို့၌ အခြေခံစားသောက်ကုန်များ၊ စာရေးကိရိယာနှင့် သင်ထောက်ကူပစ္စည်းများ ပေးအပ်လှူဒါန်း
Sep 10,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဟွေ့ရဲကျေးရွာ အောင်မင်္ဂလာတောရဘုန်းတော်ကြီးသင်မူလတန်းကျောင်း၊ ဝမ်ကောင်းရပ်ကွက်ရှိ တာချီလိတ်လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာနှင့် ဘိုးဘွားရိပ်သာသို့ ယနေ့ နံနက်ပိုင်းက ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များက အခြေခံစားသောက်ကုန်များ၊ စာရေးကိရိယာနှင့် သင်ထောက်ကူပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်၌ (Green and Clean) လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Sep 10,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များသည် ယနေ့နံနက်ပိုင်းက (Clean and Green) လုပ်ငန်းလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။