သတင်းများ

မဟာအောင်မြေခရိုင်အတွင်း ထူးချွန်ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်
Sep 10,2025
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မဟာအောင်မြေခရိုင်အတွင်း (၄)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို စက်တင်ဘာ ၁၀ ရက် နံနက် ၉ နာရီက မန္တလေးမဟာ‌အောင်‌မြေမြို့နယ် အမှတ်(၁၄) အခြေခံပညာ အထက်တန်းကျောင်း ပန်းမျိုးတစ်ရာခန်းမတွင် ကျင်းပသည်။
ခမောက်ကြီးမြို့၌မူလတန်း ကျောင်းသားကျောင်းသူများအား အာဟာရကျွေးမွေးခြင်းဆောင်ရွက်
Sep 10,2025
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်  ခမောက်ကြီးမြို့တွင်  ကျောင်းနေအရွယ် ကလေး များအား ဟာရဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဖြင့် အခြေခံပညာကျောင်းများတွင်  ပညာသင်ယူနေ သည့်  မူလတန်းကျောင်းသားကျောင်းသူများအား အာဟာရကျွေးမွေးခြင်းကို  ၉ ရက် နံနက် ၁၁ နာရီခွဲက အခြေခံပညာအလယ်တန်း ယုဇနကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။      
ကျောက်ဖြူမြို့၌ ၂၀၂၅ -၂၀၂၆ ခုနှစ်၊ အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ဆုချီးမြှင့်
Sep 10,2025
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ ၂၀၂၅ -၂၀၂၆ ခုနှစ် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့မအားကစားဘောလုံးကွင်းကြီးတွင် ကျင်းပသည်။
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ညောင်ဦးခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Sep 10,2025
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တာဝန်ရှိသူများ လိုက်ပါပြီး ယနေ့နံနက်ပိုင်းက ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးသည်။ ထိုသို့ ကွင်းဆင်းရာတွင် ညောင်ဦးမြို့နယ်ရှိ အဆောက်အဦဦးစီးဌာန အဆောက်အဦအထူးအဖွဲ့(၇)မှ တာဝန်ယူဆောက်ရွက်ခဲ့သည့် ဘက်စုံသုံးမြို့နယ်ခန်းမ တည်ဆောက်ခြင်းလုပ်ငန်းများ  လွှဲပြောင်းအပ်နှံခြင်း အခမ်းအနားသို့ တက်ရောက်သည်။
လက်ပံတန်းမြို့၌ ခရိုင်အထူးကုဆရာဝန်ကြီးများက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Sep 10,2025
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်တွင် သာယာဝတီခရိုင်ကျန်းမာရေးဦးစီးဌာန ကွင်းဆင်းကုသရေးအဖွဲ့မှ အထူးကုဆရာဝန်ကြီးများက အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းကုသခြင်းကို လက်ပံတန်းမြို့နယ် ပြည်သူ့ဆေးရုံ၌ စက်တင်ဘာ ၈ ရက်နေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ၁၈ နှစ်အောက် မြို့နယ်အဆင့်ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ လူရွေးပွဲကျင်းပ
Sep 10,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ၁၈ နှစ်အောက် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ လူရွေးပွဲကို ဩဂုတ် ၈ ရက်နံနက်ပိုင်းမှစ၍ မြို့နယ်အားကစားကွင်းအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အမရပူရမြို့ရွှေကြက်ယက်အခြေခံပညာအထက်တန်းကျောင်း၌လူငယ်ရေးရာအသိပညာပေး
Sep 10,2025
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့ ရွှေကြက်ယက်ကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်းတွင် ယနေ့ မွန်းလွဲ ၁ နာရီခွဲက အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်ရေးရာဟောပြောပွဲ၊စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကိုပြုလုပ်သည်။
တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်
Sep 10,2025
မန္တလေးတိုင်းဒေသကြီး အမရပူရခရိုင် အမရပူရမြို့နယ်၏ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆု ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီက အမရပူရမြို့ လေးစုရပ်ရှိအမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း မေတ္တာရိပ်ခန်းမတွင် ကျင်းပသည်။