သတင်းများ

ရွှေသောင်ယံမြို့ အ.ထ.က(ရွှေသောင်ယံ)တွင် ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးဟောပြောပွဲပြုလုပ်
Sep 11,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အ.ထ.က(ရွှေသောင်ယံ)တွင် စက်တင်ဘာလ ၉ ရက်နေ့နံနက်(၁၀)နာရီက ရွှေသောင်ယံမြို့ ပြည်သူ့ဆေးရုံမှ ဒေါက်တာစည်သူဦးဆောင်၍ သဘော့ကန် ကျေးလက်ကျန်းမာရေးဌာနအောက်ရှိ ပြည်သူ့ကျန်းမာရေးဆရာမများမှ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းလုပ်ငန်းများကို‌ ဆောင်ရွက်ခဲ့ကြသည်။
မိုးနဲမြို့နယ်၌ ပြောင်းသီးနှံများ စတင်ချိုးယူနေပြီး ဈေးကောင်းရရှိရန် မျှော်လင့်
Sep 11,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ မြို့ပေါ် (၅)ရပ်ကွက်နှင့် ကျေးရွာနေ တောင်သူအများအပြား စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး ယခုကာလတွင် စိုက်ပျိုးရေးသီးနှံများအဖြစ် စပါး၊ မြေပဲ၊ ပြောင်းသီးနှံများ အများအပြားစိုက်ပျိုးထားကြရာ မြေပဲနှင့် ပြောင်းသီးနှံများ အစောပိုင်းစိုက်ပျိုးသူများအနေဖြင့် စတင်ချိုးယူနေကြပြီဖြစ်ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြော၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြသ
Sep 11,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြော၊ စာအုပ်စာစောင်နှင့် နံရဲကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် ၉ နာရီက ပျဉ်းမမြိုင်ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပသည်။
ငပုတောမြို့နယ်၌အမှိုက်(၄) မျိုး ခွဲခြားစွန့်ပစ်မှုအကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပ
Sep 11,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်အမျိုးအစား(၄)မျိုးခွဲခြားနည်းနှင့် အမှိုက်ပုံးအရောင်ခွဲသတ်မှတ်ခြင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ငပုတောမြို့ အခြေခံပညာအလယ်တန်းကျောင်း ရွှေမြကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေါင်းတည်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသားအားကစားပွဲတော်မြို့နယ်အဆင့် ရွေးချယ်ပွဲကျင်းပ
Sep 11,2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင် ဆင်နွှဲနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်အနေဖြင့် မြို့နယ်အဆင့်အားကစားသမားရွေးချယ်ပွဲကို စက်တင်ဘာ ၉ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်၊ အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် နေပြည်တော်အတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Sep 11,2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် စက်တင်ဘာလ ၉ ရက်နေ့ ညနေပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ အကွက်အမှတ်(၈-က)သို့သွားရောက်ပြီး (၆၀၀) စတုရန်းပေရှိသော (၄) ခန်းတွဲ၊ (၄) ထပ် အမှုထမ်းအိမ်ရာများ အသစ်ဆောက်လုပ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအပိုင်းလိုက် အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ ငလျင်အပါအဝင် သဘာဝဘေးအန္တရာယ်ထိခိုက်မှုမရှိအောင် သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီ ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် မြန်မာ့ခရီးသွားဘဏ်နှင့် ဧရာဝတီတိုင်းဒေသကြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း၏ MOU လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်
Sep 11,2025
မြန်မာ့ခရီးသွားဘဏ်နှင့် ဧရာဝတီတိုင်းဒေသကြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း၏ MOU လက်မှတ်ရေးထိုးပွဲအခမ်းအနားကို စက်တင်ဘာလ ၉ ရက်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်တွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
မုဒုံမြို့၌ သဘာဝဘေးအန္တရာယ်နှင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့အကြောင်း အသိပညာပေးပွဲပြုလုပ်
Sep 11,2025
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် သဘာဝဘေးအန္တရာယ်နှင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့အကြောင်း အသိပညာပေးဟောပြောပွဲကို ဩဂုတ် ၉ ရက် နံနက် ၁၀ နာရီက အထက (၃)ကျောင်း၌ ပြုလုပ်ခဲ့သည်။