နွားထိုးကြီး ဩဂုတ် ၂၇
နွားထိုးကြီးမြို့အတွင်းရှိ စားသုံးသူပြည်သူများစားသုံးရန်မသင့်သည့် စားသောက်ကုန်ပစ္စည်းများနှင့် သုံးစွဲရန်မသင့်သည့်လူသုံးကုန်ပစ္စည်းများ ရောင်ချမှုမရှိစေရေးအတွက် ယနေ့ မွန်းလွဲ ၂ နာရီက နွားထိုးကြီးမြို့ပေါ်ရှိကုန်စုံဆိုင်များအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ လိုက်လံစစ်ဆေးရာတွင် နွားထိုးကြီးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ တာဝန်ခံ ဦးသန်းအေး၊ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ တိုင်းရင်းဆေး၊ စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအဖွဲ့များလိုက်ပါလျက် နွားထိုးကြီးမြို့ပေါ်ရှိ ရောင်းချလျက်ရှိသည့် စားသောက် ကုန်အရောင်းဆိုင်များနှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များတွင် သတ်မှတ်ထားသည့်ကုန်အညွှန်းအမှတ် အသားများ မဖော်ပြသည့်ကုန်ပစ္စည်းများရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် ကုန်စည်၏အမှတ်တံဆိပ်၊ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းများ၊ အစရှိသည့်အသေးစိတ် အချက်အလက်များကို ဖော်ပြထားခြင်းရှိ/မရှိ၊ Nestle အမှတ်တံဆိပ် မိခင်နို့အစားထိုးများ FDA ညွှန်ကြားချက်အတိုင်း လိုက်နာမှု ရှိ/မရှိနှင့် သနပ်ခါးအမည်ခံ အလှ ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မမရှိ လိုက်လံစစ်ဆေးပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းအောင်ဇော်