သတင်းများ

မဘိမ်းမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ
Feb 22,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒေသခံပြည်သူများ စာဖတ်ရှိန်တိုးတက်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို ကျင်းပပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၁ နာရီအချိန်က အဆိုပါ ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာရေးဆရာဖေမြင့်၏ “တန်ဖိုးထားအပ်သောအရာများ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
မင်းတုန်းမြို့နယ်တွင် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Feb 22,2020
မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းတုန်းမြို့နယ် မင်္ဂလာဦးကျေးရွာတွင် ယမန်နေ့ မွန်းလွဲ ၁နာရီက မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။
ပိုင်ကျုံမြို့တွင် ကျောင်းသား/ကျောင်းသူ (၈၂၅)ဦး တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုမည်
Feb 22,2020
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ ၁၁ ရက်နေ့မှ စတင်၍ မတ်လ ၂ဝ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ရာ ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူများအတွက် ဖေဖော်ဝါရီလ (၂၁)ရက်နေ့မှ စတင်ကာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်တွင် “အလုပ်ဆိုတာ အင်အားပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Feb 22,2020
ဆိပ်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန၊ (Community Centre) တွင် စာပေချစ်မြတ်နိုးသူများနှင့် ကျောင်းသား/ကျောင်းသူများ စုပေါင်း၍ စာရေးဆရာမ ဒေါက်တာ မတင်ဝင်း၏ အလုပ်ဆိုတာ အင်အားပါ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပသည်။
ငါ့သရောက်မြို့ တောင်ကုန်းရပ်တွင် ထန်းဆွဲမြူအိုး အမြောက်အများရောင်းချရခြင်းဖြင့် မိသားစု စီးပွားရေး တွက်ခြေကိုက်
Feb 22,2020
ထန်းဆွဲမြူအိုးများအား နတ်တော်လမှစတင်ပြုလုပ်ကြပြီး တစ်ရက်လျှင် နှစ်သောင်းငါးထောင်လုံးထိ ထန်းဆွဲမြူအိုးပြုလုပ်ရောင်းချရကြောင်း၊ ထန်းဆွဲမြူအိုးတလုံးလျှင် (၁၂၀)ကျပ် ရောင်းချရပြီး နတ်တော်၊ပြာသို၊တပိုတွဲသုံးလအတွင်း ထန်းဆွဲမြူအိုး အလုံးရေ နှစ်သိန်းခွဲကျော် ပြုလုပ်ရောင်းချရပြီး တောင်ကုန်းကျေးရွာအထိလာရောက်ဝယ်ယူကြကြောင်း အိုးထွင်းပညာရှင် ဒေါ်စန်းယုံကပြောပြသည်။
ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Feb 22,2020
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခွင့်ပြုရန်ပုံငွေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ကုန်ထုတ်လမ်းတံတား ဖောက်လုပ်ခြင်း (၃) လမ်းအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနငွေလုံးငွေရင်း ခွင့်ပြရန်ပုံငွေ (၁၀၄ ဒဿမ ၄၃) သန်းဖြင့် တင်ဒါအောင်မြင်သည့်ကုမ္ပဏီမှ လုပ်ငန်းဆောင်ရွက်လျက်ရှိသည့်အနက် စခန်းကြီးကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ်မှု (၁/၂မိုင်)နှင့် ပေါက်ပင်ကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ်မှု (၀/၄မိုင်) ဆောင်ရွက်နေမှု အခြေအနေကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။
တီးတိန်မြို့နယ်တွင် မျောက်ငိုသီးပေါ်ချိန်ဖြစ်၍ တောင်သူများအပိုဝင်ငွေရရှိ
Feb 22,2020
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် ဒေသအနေအထားနှင့် ကိုက်ညီသည့် မျောက်ငိုပင်ကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိရာ ယခုအချိန်တွင် မျောက်ငိုသီးလှိုင်လှိုင် ပေါ်နေပြီ ဖြစ်၍ တောင်သူများ အပိုဝင်ငွေများ ရရှိကြောင်းသိရသည်။
ဒီးမော့ဆိုမြို့မဈေးတွင် နိုင်ငံခြားသားခရီးသွားများ လာရောက်လည်ပတ်လျက်ရှိ
Feb 22,2020
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ ငွေတောင်ဆည်၊ ထီးပွင့်ကန်၊ ကန်ခုနှစ်ဆင့်၊ ပန်ပက်ကျေးရွာ စသော အထင်ကရနေရာများတွင် နေ့စဉ်နှင့်အမျှ ပြည်တွင်း/ပြည်ပမှ ခရီးသွားပြည်သူများ လာရောက်လည်ပတ်လျက်ရှိသည့်အပြင် ပြည်နယ်အတွင်း ထင်ရှားလှသော ဒီးမော့ဆိုမြို့မဈေးသို့ နိုင်ငံခြားသားခရီးသွားများ လာရောက်လည်ပတ်မှု များပြားလျက်ရှိကြောင်း သိရသည်။