သတင်းများ

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲဖွင့်ပွဲကျင်းပ
Feb 23,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင် ပေါင်းစုံအသက်(၂၅)နှစ်အောက် အမျိုးသား ဖူဆယ် ပြိုင်ပွဲ ဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ပြည်နယ်လေ့ကျင့်ရေး အားကစားရုံခန်းမ၌ ကျင်းပခဲ့သည်။
ထားဝယ်ခရိုင်ဇုံ၊ တက္ကသိုလ်/ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Feb 23,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ ကျင်းပပြုလုပ်သည့် ထားဝယ်ခရိုင်ဇုံ၊ တက္ကသိုလ်/ကောလိပ် ပေါင်းစုံ ဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အချိန် က ထားဝယ်မြို့၊ တိုင်းဒေသကြီးအားကစားကွင်း၌ ကျင်းပသည်။
ပျော်ဘွယ်မြို့နယ် Community Center ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း၏ (၁၆) ကြိမ်မြောက် စာဖတ်ဝိုင်းကျင်းပ
Feb 23,2020
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ်ရုံးတွင် ဖွဲ့စည်းထားသော စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း၏ (၁၆)ကြိမ်မြောက် စာဖတ်ဝိုင်းကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ်ရုံး Community Center ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် ခန်းမ၌ စာရေးဆရာနွေး(သရက်)၏ “သားပျော်ပါတယ်အမေ”စာအုပ်အားစာဖတ်ဝိုင်းပြုလုပ်
Feb 22,2020
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club) နှင့် စာပေဝါသနာရှင်များသည် စာရေးဆရာ နွေး(သရက်) ရေးသားသည့် “သားပျော်ပါတယ်အမေ” စာအုပ်ကို ယနေ့ မွန်းလွဲ (၂) နာရီက ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ပါသည်။
မတ္တရာမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကျင်းပ
Feb 22,2020
ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းမှ မတ္တရာမြို့နယ်၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ဆောင်ရွက်နေမှုများ၊ မီးလင်းရေးလုပ်ငန်းများမှာ ရာနှုန်းပြည့်နီးပါး ဆောင်ရွက်ပြီးစီးသည့်အတွက် ကျေးလက်လမ်းများ ကောင်းမွန်ရေး အတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ တောင်သူများအနေဖြင့် မိမိတို့လယ်ယာ အထွက်တိုးရေး၊ ခြံထွက်သီးနှံများ အောင်မြင်ဖြစ်ထွန်းပြီး စျေးကွက်တင်ပို့နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများဖြင့် ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ပါကြောင်းဖြင့် အဖွင့် အမှာစကားခဲ့သည်။
ဘားအံမြို့နယ် ၊ အုန်းတပင်-လှာကဒေါင်ကျေးရွာအုပ်စု နယ်နမိတ်ကြား နိုင်းကြာကျောင်း အဝင်လမ်းအား အဆင့်မြှင့်တင်သည့် ကတ္တာရာလမ်း ဖွင့်ပွဲ ကျင်းပ
Feb 22,2020
ကရင်ပြည်နယ်၊ ဘားအံမြို့နယ် အုန်းတပင်ကျေးရွာအုပ်စုနှင့် လှာကဒေါင်ကျေးရွာအုပ်စုတို့ ထိစပ် နယ်နမိတ် နိုင်းကြာဘုန်းတော်ကြီးကျောင်း အဝင်လမ်းအား အဆင့်မြှင့်တင်သည့် ကတ္တာရာလမ်း ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါလမ်းမုခ်ဦး၌ ကျင်းပသည်။
ခင်ဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ ကလေးလေစုပ်စက်တစ်လုံးနှင့် Patient Monitor ဝယ်ယူရန်အလှူငွေလှူဒါန်း
Feb 22,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ပြည်သူ့ဆေးရုံသို့ ကလေးလေစုပ်စက်တစ်လုံးနှင့် Patient Monitor ဝယ်ယူရန် အလှူငွေ လှူဒါန်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် အလှူရှင် မိသားစု တို့က လှူဒါန်းခဲ့သည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၊ ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးလှထွန်း တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေး ဟောပြောပွဲ တက်ရောက်အမှာစကားပြောကြား
Feb 22,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ဇီးတောကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် မကွေးတိုင်းဒေသကြီး၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေး ဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ ဆန်းစစ်စီမံခြင်းကို ယနေ့ နံနက်(၉)နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။