သတင်းများ

သထုံပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ
Feb 28,2020
မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့ နံနက်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း(Book Club) တို့ ပူးပေါင်းကာ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ဌာနဆိုင်ရာများ ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး
Feb 28,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် အထေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ယနေ့ နံနက် ၉ နာရီခွဲက ဌာနဆိုင် ရာများအလိုက် မြို့နယ်အတွင်း ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်းပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
တွံတေးမြို့တွင်းရှိ အဓိကလမ်းမကြီးများအား ရာသီမရွေးသွားလာနိုင်သည့် ကွန်ကရစ်လမ်း အဆင့်မြှင့်တင်
Feb 28,2020
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်၌ ဒေသခံပြည်သူများနှင့် ခရီးသွားမိဘပြည်သူများ သွားလာရေး အဆင်ပြေချောမွေ့စေရေးအတွက် မြို့တွင်းရှိ အဓိကလမ်းမကြီး အပိုင်း(၃)ပိုင်းအား ရာသီမရွေး သွားလာနိုင်သည့် ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို တွံတေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ၂၀၁၉−၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း တွံတေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
လှိုင်သာယာမြို့နယ် ဗိုလ်တေဇလမ်းကွန်ကရစ်လမ်းခင်းရန်အတွက် လမ်းသူလမ်းသားများနှင့် တာဝန်ရှိသူများတွေ့ဆုံ
Feb 28,2020
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အမှတ်(၂၀)ရပ်ကွက် ဗိုလ်တေဇလမ်းခင်းရန် အတွက် တာဝန်ရှိသူများသည် လမ်းသူလမ်းသားများနှင့် ယနေ့ နံနက်ပိုင်းတွင် ရပ်ကွက်ဓမ္မာရုံ၌ တွေ့ဆုံခဲ့သည်။
စီဘီစီမြန်မာ အသေးစား ငွေရေးကြေးရေး လုပ်ငန်းကုမ္ပဏီ စုရပ်ခေါင်းဆောင်များနှင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Feb 28,2020
အခြေခံလူတန်းစားများ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် အသေးစားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စီဘီစီမြန်မာ အသေးစားငွေရေးကြေးရေးလုပ်ငန်း ကုမ္ပဏီက စုရပ်ခေါင်းဆောင်များနှင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီက လယ်ဝေးမြို့၊ သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။
ကလေးမြို့တွင် ပြည်သူ့စကားဝိုင်းကျင်းပ
Feb 28,2020
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့တွင် ဆေးလိပ်အန္တရာယ်ခေါင်းစဉ်ဖြင့် ပြည်သူ့ စကားဝိုင်းကို ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ယနေ့ မွန်းလွဲ (၁) နာရီအချိန်က အမှတ် (၈) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
စခန်းနှင့် ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ် ကုသခြင်းနှင့် ပြန်လည်ထူထောင်ရေး (၁/၂၀၂၀) သင်တန်းဖွင့်လှစ်
Feb 28,2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မန္တလေးပြန်လည် ထူထောင်ရေးစခန်းတွင် စခန်းနှင့် ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ် ကုသခြင်းနှင့် ပြန်လည်ထူထောင်ရေး (၁/၂၀၂၀) သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉နာရီက ကျင်းပခဲ့သည်။
20019 Novel Corona Virus အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ကွင်းဆင်း ဆောင်ရွက်
Feb 28,2020
နိုင်ငံတစ်ချို့တွင် ဖြစ်ပေါ်ကူးစက်ပျံ့ပွားလျက်ရှိသည့် 2019 Novel Corona Virus (အဆုတ်ရောင်) ကူးစက်ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် သာယာဝတီမြို့ လူစည်ကားရာ ကားဂိတ်နှင့် ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ယနေ့ နံနက်ပိုင်းတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက အသိပညာပေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။