သတင်းများ

စလင်းမြို့နယ်၊ ဂွေးကုန်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပ
Mar 01,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ငါးသန်ခေါင်းကျေးရွာအုပ်စု၊ ဂွေးကုန်းကျေးရွာရှိ ရွှေစံရာဓမ္မာရုံ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျေးလက်ဒေသ ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ကျင်းပခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ နွေနှမ်းစိုက်ပျိုးတောင်သူများအတွက် မဲဇလီရေလွှဲဆည်မှ မြောက်မုန်း မြောင်းမကြီးအား စိုက်ပျိုးရေများ စတင်ဖြန့်ဝေပေး
Mar 01,2020
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံတောင်သူများ နွေနှမ်းအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် ယနေ့ နံနက် ၈ နာရီက ပွင့်ဖြူမြို့နယ် မဲဇလီရေလွှဲဆည်မှ မြောက်မုန်းမြောင်းမကြီးအား စိုက်ပျိုးရေများ ဖြန့်ဝေဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။
မန္တလေးမြို့တွင် "ခေါင်းဆောင်မှုနှင့် ကိုယ်ကျင့်တရား" ခေါင်းစဉ်ဖြင့် လူငယ်နှီးနှောဖလှယ်ပွဲကျင်းပ
Mar 01,2020
မန္တလေးမြို့ရှိ ဘာသာပေါင်းစုံမှ လူငယ်များ စွမ်းဆောင်ရည်မြင့်မားပြီး အချင်းချင်း တန်ဖိုးထားလေးစားတတ်စေရန်၊ ငြိမ်းချမ်းရေးအား ဖော်ဆောင်ရာတွင် လူငယ်များ၏ အခန်းကဏ္ဍအနေဖြင့် တစ်ထောင့် တစ်နေရာမှ ပါဝင်နိုင်စေရန်၊ ပညာရေးဆိုင်ရာအခွင့်အလမ်းများရရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် "ခေါင်းဆောင်မှုနှင့် ကိုယ်ကျင့်တရား" လူငယ်နှီးနှောဖလှယ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက မန္တလေးမြို့၊ ၂၆x၂၇ လမ်းကြား၊ ၈၃ လမ်းရှိ ရတနာသိင်္ဂီဟိုတယ်ခန်းမတွင် ကျင်းပပြုလုပ်သည်။
ခရမ်းမြို့ သကျမာရဇိန်သွန်းဘုရားကြီး၏ ( ၉၆) ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ ကျင်းပ
Mar 01,2020
ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့တွင် ရှေးဘိုးဘွားများ တည်ထားခဲ့သည့် မြို့ကျက်သရေဆောင် သွန်းဘုရားကြီး၏ (၉၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက သွန်းဘုရားကြီးမုခ်ဦးရှေ့တွင် ကျင်းပခဲ့သည်။
(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဖိတ်ခေါ်အလွတ်တန်း(ဂိုးလတ်) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Mar 01,2020
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျေးရွာအုပ်စု အလွတ်တန်း (ဂိုးလတ်)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ ၄ နာရီက ကျင်းပခဲ့သည်။
တွန်းဇံမြို့၌ ပြည်သူ့စကားဝိုင်းကျင်းပ
Feb 29,2020
ကိုရိုနာဗိုင်ရပ်စ်အကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ(၁)နာရီအချိန် တွန်းဇံမြို့၊ ချင်းရွှေပြည်အားကစား ခန်းမတွင် ကျင်းပသည်။
အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်နည်းသင်တန်း ဖွင့်လှစ်
Feb 29,2020
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ကောလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူငယ်ရေးရာ ကော်မတီတို့ ပူးပေါင်း၍ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်နည်းသင်တန်းကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပခဲသည်။